DVB Logo
Home
နိုင်ငံတကာ
BTS အဖွဲ့ဝင် ၂ ဦး စစ်မှုထမ်းတာဝန်ပြီးဆုံး
DVB
·
June 10, 2025
BTS အဖွဲ့ဝင် ၂ ဦး စစ်မှုထမ်းတာဝန်ပြီးဆုံး
Donate to DVB

ကေပေါ့ပ် စူပါဂရု BTS အဖွဲ့ဝင် V နဲ့ RM တို့ဟာ စစ်မှုထမ်းတာဝန်ပြီးဆုံးလို့ ဇွန် ၁၀ ရက်မှာ တောင်ကိုရီးယားတပ်မတော်ကနေ နုတ်ထွက်ခွင့် ရခဲ့ပါတယ်။

BTS အဖွဲ့ဝင် အများအပြား စစ်မှုထမ်းကာလ ပြီးဆုံးတဲ့ ဒီလကုန်ကျရင် အဖွဲ့ ပြန်လည်ပေါင်းစည်းခွင့် ရမယ်လို့ ပရိသတ်တွေ မျှော်လင့်နေကြပါတယ်။

စစ်စခန်းနားမှာ စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေနဲ့ သူတို့ ၂ ယောက်က စစ်ဝတ်စုံနဲ့ အလေးပြုပြီး နှုတ်ဆက်ခဲ့ပါတယ်။

ဂျီမင်း၊ ဂျောင်ကွတ်နဲ့ ရှူဂါ တို့လည်း ဇွန် ၂၁ ရက်ကျရင် စစ်မှုထမ်းတာဝန် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။

ဂျင်နဲ့ ဂျေဟုပ် တို့ကတော့ အစောပိုင်းကတည်းက စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့ပြီးဖြစ်တဲ့အတွက် တကိုယ်တော် ဖျော်ဖြေမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ BTS ဟာ ၂၀၂၂ ကတည်းက စစ်မှုထမ်းတာဝန်တွေကြောင့် အဖွဲ့လိုက်ပရောဂျက်တွေ ရပ်နားနေခဲ့ရတာ ဖြစ်ပါတယ်။

ဖျော်ဖြေရေးလုပ်ငန်းစု HYBE ကတော့ ဒီတပတ်ထဲမှာ အဖွဲ့ ၁၂ နှစ်ပြည့် အခမ်းအနား BTS FESTA ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013