
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ဟာ ထိုင်ဝမ်ခွဲထွက်ရေးဝါဒနဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ထားတဲ့အကြောင်း တရုတ် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်က ဇွန် ၉ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ဆီ M1A2 တင့်ကားအသစ်တွေ အသုတ်လိုက် ပို့ဆောင်နေပြီး လာမယ့် ၄ နှစ်အတွင်း ထိုင်ဝမ်ဆီ လက်နက်ရောင်းချမှု တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ ကျန်းက မှတ်ချက်ပေးပါတယ်။
လက်နက်သစ်ရောင်းချမှုဟာ ပထမဆုံး ထရမ့်ပ်အစိုးရလက်ထက်တုန်းကထက် ကျော်လွန်သွားနိုင်ပါတယ်။
ဒါ့အပြင် ထိုင်ဝမ်မှာ အမေရိကန်စစ်တပ်က အရာရှိ အယောက် ၅၀၀ လောက် ကြီးကြပ်ကွပ်ကဲနေတယ်လို့ အမေရိကန်စစ်တပ် အရာရှိဟောင်းတယောက်က ပြောပါတယ်။
ဒီပမာဏဟာ အရင်က အမေရိကန်အောက်လွှတ်တော်က ထုတ်ပြန်ခဲ့တဲ့ အရေအတွက်ထက် ၁၀ ဆကျော် များနေတာပါ။
ထိုင်ဝမ်မေးခွန်းက တရုတ်ရဲ့ အကျိုးစီးပွားအတွက် အဓိကဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးမှာ ဖြတ်ကျော်လို့မရတဲ့ ပထမဆုံး အနီရောင်မျဉ်းပဲ ဖြစ်ပါတယ်။
“ထိုင်ဝမ်နဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လိုပုံစံမျိုးနဲ့မဆို ရပ်တန့်ဖို့ အမေရိကန်ဘက်ကို တိုက်တွန်းထားပါတယ်။ မဟုတ်ရင် တုံ့ပြန်မှုတွေက ကောင်းကျိုးထက် ဆိုးကျိုးသာ ဖြစ်စေမှာပါ။ အမေရိကန်ရဲ့ လက်နက်တွေက သူတို့ကို မကယ်နိုင်ဘူးဆိုတာ ဒီမိုကရက်တစ် တိုးတက်ရေးပါတီက ထိုင်ဝမ်အာဏာပိုင်တွေကို ကျနော်တို့ သတိပေးပါတယ်။ ထိုင်ဝမ် ခွဲထွက်ရေးအတွက် ပြင်ပထောက်ခံမှု တောင်းခံခြင်းဟာ မအောင်မြင်နိုင်ဘဲ ကျရှုံးမှာပါ။ PLA က စစ်ရေးလေ့ကျင့်မှုနဲ့ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်ရေးကို အားကောင်းအောင် ဆက်လုပ်မှာဖြစ်ပြီး တိုက်ခိုက်ဖို့နဲ့ အနိုင်ရဖို့ စွမ်းရည် အလုံးစုံကို မြှင့်တင်သွားမယ်” လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောခဲ့ပါတယ်။
Source: Reuters