DVB Logo
Home
မြန်မာသတင်း
မဲဆောက်တွင် E-BIKE ဘက်ထရီအားသွင်းဘီးများ ဖမ်းဆီးနေ
DVB
·
June 9, 2025
မဲဆောက်တွင် E-BIKE ဘက်ထရီအားသွင်းဘီးများ ဖမ်းဆီးနေ
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ E-BIKE ဘက်ထရီစက်ဘီးတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းယာဥ်ထိန်းရဲတွေက ဖမ်းဆီးနေကြောင်း ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဇွန် ၁ ရက်ကနေ ၇ ရက်အထိ E-BIKE စီးနင်းသူ အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံထားရပြီး အရည်အသွေးမမီတဲ့ E-BIKE ၅ စီးကိုတော့ အပြီးအပိုင် ဖမ်းဆီးသိမ်းလိုက်တယ်လို့ ဆိုပါတယ်။

E-BIKE စီးနင်းလို့ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတယောက်က “ကြိုတင်အသိပေးတာ မရှိဘူး၊ လမ်းပြောင်းပြန်လည်း မဟုတ်ဘူး၊ သတ်မှတ်ထားတဲ့ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနဲ့အညီ မောင်းနှင်တယ်။ အဲဒါကို ဖမ်းခံထိတာ၊ ဒဏ်ငွေ ဘတ် ၁,၀၀၀ ပေးခဲ့ရတယ်။ ဟိုင်းဝေးလမ်းမှာ E-BIKE ဘက်ထရီဘီး စီးခွင့်မရှိဘူးဆိုရင် စီးစရာနေရာက မရှိသလောက်ဘဲ၊ မဲဆောက်မြို့မှာရှိတဲ့ ဈေး၊ စာသင်ကျောင်းနဲ့ ဆေးရုံ ဆေးခန်းတွေကအစ ဟိုင်းဝေးလမ်းတွေကို ဖြတ်ပြီး သွားနေကြရတာလေ၊ မစီးရဘူးဆိုပြီး အမိန့်ထုတ်ထားတာမရှိတော့ စီးကြတာပေါ့၊ မဲဆောက်မြို့မှာ E-BIKE ဘက်ထရီဘီး စီးတဲ့လူဦးရေ အနည်းဆုံး ၅,၀၀၀ နဲ့ ၁၀,၀၀၀ ကြားရှိတယ်၊ ကလေးကျောင်းပို့တာ၊ ဆေးခန်းပြတာနဲ့ ဈေးဝယ်ရာတွေမှာ အဓိက E-BIKE ဘက်ထရီဘီးကိုပဲ စီးနေကြတာ ဆိုတော့ အရမ်းကို အခက်အခဲ ဖြစ်နေကြရပြီ” လို့ ပြောပါတယ်။

မဲဆောက်မြို့မှာ မြန်မာဘက်က တိုက်ပွဲတွေကြောင့် ခေတ္တပြောင်းရွှေ့လာကြသူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမား အများအပြားရှိနေပြီး ယာဥ်မတော်တဆမှုတွေကြောင့် သေဆုံးခဲ့ရသူတွေရှိခဲ့ပါတယ်။ 

ထိုင်းအာဏာပိုင်တွေက ယာဥ်စည်းကမ်း လမ်းစည်းကမ်းတွေ တင်းကျပ်စွာ ကြေညာခဲ့တာဖြစ်ပြီး ယာဥ်စည်းကမ်း မလိုက်နာတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်တာတွေ လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013