
စပါးအသင်းဟာ မန်ယူအသင်း ပစ်မှတ်ကစားသမား အမ်ဘူမိုကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလာပါတယ်။
မန်ယူအသင်းဟာ အမ်ဘူမိုကို ခေါ်ယူဖို့ ကစားသမားဖြစ်သူနဲ့ သဘောတူညီမှု ရရှိထားပေမဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စ ညှိနှိုင်းဆွေးနွေးနေတာပါ။
စပါးအသင်းဟာ နည်းပြ ပို့စ်တီကိုဂလူကို ထုတ်ပယ်ပြီး ဘရန့်ဖို့ဒ်နည်းပြ သောမက်စ်ဖရန့်ခ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေပါတယ်။ နည်းပြ သောမက်စ်ဖရန့်ခ်ကို အသုံးချပြီး အမ်ဘူမိုကို မန်ယူအသင်းဆီကနေ ကြားဖြတ်ခေါ်ယူဖို့ စပါးအသင်းက ကြိုးပမ်းလာခဲ့တာပါ။
မန်ယူအသင်းဟာ အမ်ဘူမိုအတွက် ပထမအကြိမ်ကမ်းလှမ်းမှုအဖြစ် ပေါင် ၅၅ သန်း အသုံးပြုခဲ့ပေမဲ့ ဘရန့်ဖို့ဒ်ဘက်က ပေါင်သန်း ၆၀ အထိ အလိုရှိနေလို့ သဘောတူညီမှု မရရှိသေးတာ ဖြစ်ပါတယ်။