DVB Logo
Home
မြန်မာသတင်း
SSNDF တပ်ရင်းက ရဲဘော် အယောက် ၁၀၀ ကျော်ခေါ်ယူ
DVB
·
June 8, 2025
SSNDF တပ်ရင်းက ရဲဘော် အယောက် ၁၀၀ ကျော်ခေါ်ယူ
1 / 4
Donate to DVB

ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ KNDF ဗျူဟာအမှတ် ၉ SSNDF / KNDF B-103 က ရဲဘော်အယောက် ၁၀၀ ကျော် ခေါ်ယူနေတယ်လို့ တပ်ရင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

တပ်ရင်း တာဝန်ရှိသူက “SSNDF/KNDF အနေနဲ့ ရှမ်းတောင်နဲ့ ကရင်နီတဝှမ်းက စကစ တပ်တွေကို ထိထိရောက်ရောက် ဖြိုချနိုင်ဖို့ ပြင်ဆင်မှုတွေနဲ့အတူ စုဆောင်းတာပါ။ သင်တန်းကတော့ အခြေခံစစ်သင်တန်းပါဗျ” လို့ ပြောပါတယ်။

တော်လှန်ရေးကို စိတ်ပါဝင်စားတဲ့ ယောကျာ်းလေး အယောက် ၁၀၀ နဲ့ နည်းပညာပိုင်း၊ ရုံးပိုင်းနဲ့ ဆေးပိုင်း စိတ်ဝင်စားတဲ့ မိန်းကလေး ၁၀ ယောက် ခေါ်ယူဖို့ရှိတယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်တဲ့၊ အထက်ကပေးအပ်တဲ့ တာဝန်နဲ့အမိန့်ကို တိတိကျကျ လိုက်နာပြီး တော်လှန်ရေးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။

SSNDF/ KNDF တပ်ရင်းတွေအနေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းတိုက်ပွဲတွေနဲ့ ကရင်နီပြည်က ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ စစ်ကောင်စီတပ်ကို ပါဝင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

SSNDF/ KNDF ဗျူဟာအမှတ် ၉ ကို ရှမ်းပြည်တောင်ပိုင်းက တပ်ရင်းတွေနဲ့  ၂၀၂၄ ခုနှစ်၊ ဧပြီလထဲမှာ စတင်ဖွဲ့စည်းခဲ့ပြီးနောက် SSNDF/ KNDF B-101၊ SSNDF/ KNDF B-102၊ SSNDF/ KNDF B-103 နဲ့ ဒရုန်းအဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013