DVB Logo
Home
အားကစား
အမ်ဘူမိုကို ခေါ်ယူနိုင်ရန် မန်ယူအသင်း ဒုတိယအကြိမ် ကမ်းလှမ်းမည် 
DVB
·
June 6, 2025
အမ်ဘူမိုကို ခေါ်ယူနိုင်ရန် မန်ယူအသင်း ဒုတိယအကြိမ် ကမ်းလှမ်းမည် 
Donate to DVB

မန်ယူအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား အမ်ဘူမိုအတွက် ဘရန့်ဖို့ဒ်အသင်းကို ဒုတိယအကြိမ်မြောက် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။

ပထမအကြိမ်က ထပ်ဆောင်းငွေ အပါအဝင် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းချက်ကို ဘရန့်ဖို့ဒ်ဘက်က လက်မခံခဲ့တာကြောင့် ဒုတိယအကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာပါ။

ဘရန့်ဖို့ဒ်အသင်းက အမ်ဘူမိုအတွက် ပေါင်သန်း ၆၀ ကျော် လက်ငင်းရယူလိုပေမဲ့ မန်ယူအသင်းက ပေါင် ၄၅ သန်းနဲ့ ထပ်ဆောင်းဆုကြေး ပေါင် ၁၀ သန်း စုစုပေါင်း ၅၅ သန်းနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် အဆင်မပြေဖြစ်နေတာပါ။

မန်ယူအသင်းဟာ ဝုဗ်တိုက်စစ်မှူး ကူညာကိုလည်း ပေါင် ၆၂ သန်းခွဲနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အမ်ဘူမိုကို ဆက်လက်ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။

ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ ဆန်ချိုတို့ အပါအဝင် ကစားသမားရောင်းချမှုကနေလည်း ငွေပြန်ဝင်ပြီး ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့လည်း မန်ယူအသင်းက လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013