
မန်ယူအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား အမ်ဘူမိုအတွက် ဘရန့်ဖို့ဒ်အသင်းကို ဒုတိယအကြိမ်မြောက် ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။
ပထမအကြိမ်က ထပ်ဆောင်းငွေ အပါအဝင် ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းချက်ကို ဘရန့်ဖို့ဒ်ဘက်က လက်မခံခဲ့တာကြောင့် ဒုတိယအကြိမ်ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့တာပါ။
ဘရန့်ဖို့ဒ်အသင်းက အမ်ဘူမိုအတွက် ပေါင်သန်း ၆၀ ကျော် လက်ငင်းရယူလိုပေမဲ့ မန်ယူအသင်းက ပေါင် ၄၅ သန်းနဲ့ ထပ်ဆောင်းဆုကြေး ပေါင် ၁၀ သန်း စုစုပေါင်း ၅၅ သန်းနဲ့သာ ကမ်းလှမ်းခဲ့တာကြောင့် အဆင်မပြေဖြစ်နေတာပါ။
မန်ယူအသင်းဟာ ဝုဗ်တိုက်စစ်မှူး ကူညာကိုလည်း ပေါင် ၆၂ သန်းခွဲနဲ့ ခေါ်ယူနိုင်ခဲ့ပြီးနောက် အမ်ဘူမိုကို ဆက်လက်ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
ရက်ရှ်ဖို့ဒ်၊ ဂါနာချိုနဲ့ ဆန်ချိုတို့ အပါအဝင် ကစားသမားရောင်းချမှုကနေလည်း ငွေပြန်ဝင်ပြီး ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ကိုက်ညီဖို့လည်း မန်ယူအသင်းက လုပ်ဆောင်နေပါတယ်။