DVB Logo
Home
နိုင်ငံတကာ
ခရိုင်းမီးယားတံတားကို ယူကရိန်းတပ်ဖွဲ့ ဖောက်ခွဲ
DVB
·
June 5, 2025
ခရိုင်းမီးယားတံတားကို ယူကရိန်းတပ်ဖွဲ့ ဖောက်ခွဲ
Donate to DVB

ရုရှားနိုင်ငံနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ တံတားပေါ်မှာ လမ်းအသွားအလာ ယာယီရပ်ဆိုင်းထားကြောင်း ရုရှားအာဏာပိုင်တွေက ဇွန် ၃ ရက်မှာ တယ်လီဂရမ်မှာ ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ (SBU) ဟာ ရုရှားနိုင်ငံနဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းနဲ့ ရထားလမ်း တံတားကို ရေအောက်ဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။

အရင်က ယူကရိန်းရှိ ရုရှားတပ်ဖွဲ့တွေအတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်တဲ့ အဲဒီတံတားကို ဖောက်ခွဲရေးပစ္စည်း ၁,၁၀၀ ကီလိုဂရမ် အသုံးပြုပြီး မနက်အစောပိုင်းက ဖောက်ခွဲခဲ့တာကြောင့် ရေအောက်ရှိ တံတားတိုင်တွေ ပျက်စီးသွားကြောင်း SBU က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း တံတားကို တိုက်ခိုက်ခဲ့ပြီး အခုသီတင်းပတ် စစ်ဆင်ရေးကိုလည်း လပေါင်းများစွာ ပြင်ဆင်ထားခဲ့တာဖြစ်ကြောင်းလည်း ဆိုထားပါတယ်။

ကရင်မ်လင်နန်းတော်ကတော့ ယူကရိန်းဟာ ခရိုင်းမီးယားတံတားကို တိုက်ခိုက်ခဲ့ပြီး ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဇွန် ၄ ရက်မှာ ပြောပါတယ်။

ကရင်မ်လင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က “ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့တယ်။ ဘာမှ မပျက်စီးသွားဘူး။ တံတားက အလုပ်လုပ်နေပါတယ်။ ကိယိဗ်အစိုးရဟာ အရပ်သား အခြေခံအဆောက်အဦတွေကို တိုက်ခိုက်ဖို့ ဆက်ကြိုးပမ်းနေတာပါ” လို့ ပြောကြားခဲ့ပါတယ်။

ရုရှားဟာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေကြောင်းလည်း ပက်စ်ကို့ဗ်က ပြောဆိုပါတယ်။

အဲဒီတံတားဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်အတွက် ထင်ရှားတဲ့ ပရောဂျက်တခုဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ချိန်က ရုရှားစစ်တပ်က အသုံးပြုခဲ့တဲ့ တံတားဖြစ်ပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ အဲဒီတံတားကို ဖြတ်ကျော်ကာ ခရိုင်းမီးယားကို ဝင်ရောက်လာခဲ့ပြီး အဲဒီကနေ ယူကရိန်းတောင်ပိုင်း ခါဆွန်နဲ့ အရှေ့တောင်ပိုင်း ဇာပိုရစ်ချ်ဇီယာ ဒေသတွေရဲ့ အစိတ်အပိုင်းတွေကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013