DVB Logo
Home
နိုင်ငံတကာ
ခရိုင်းမီးယားတံတား ဖျက်ဆီးခံရမှုအတွက် တုံ့ပြန်မည်ဟု ရုရှားသမ္မတပြော
DVB
·
July 19, 2023
ခရိုင်းမီးယားတံတား ဖျက်ဆီးခံရမှုအတွက် တုံ့ပြန်မည်ဟု ရုရှားသမ္မတပြော
Donate to DVB

ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းတံတားကို ဖျက်ဆီးခဲ့တဲ့ ညတွင်းချင်း တိုက်ခိုက်မှုအတွက် တုံ့ပြန်ဖို့  ရုရှကာကွယ်ရေးဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဇူလိုင် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုရဲ့ အကျိုးဆက်တွေကို အကဲဖြတ်ဖို့ နိုင်ငံတွင်းနဲ့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့  ရုပ်မြင်သံကြားပေါ်က တွေ့ဆုံပွဲအပြီးမှာ ပူတင်က ခုလို ပြောလိုက်တာပါ

ကိယက်ဗ်အစိုးရ ကျူးလွန်ခဲ့တဲ့ နောက်ထပ် အကြမ်းဖက်လုပ်ရပ်တခုလို့ ပူတင်က ပြောပါတယ်။

“ဒီရာဇဝတ်မှုဟာ စစ်တပ်ရဲ့ရှုထောင့်ကနေကြည့်ရင် အဓိပ္ပာယ်မဲ့တယ်၊ ခရိုင်းမီးယား တံတားဟာ ဟိုးအရင်ကတည်းက စစ်ဘက်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးမှာ အသုံးမချတော့တဲ့ တံတားပါ၊ အပြစ်မဲ့အရပ်သားတွေ သေဆုံးခဲ့ရလို့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတခုလည်း ဖြစ်တယ်၊ ရုရှားဘက်က တုံ့ပြန်မှုတော့ ရှိပါလိမ့်မယ်” လို့ ပူတင်က ပြောခဲ့ပါတယ်။

ယူကရိန်း လုံခြုံရေးဌာနတွေက ရေကြောင်းသွားလာရေး မောင်းသူမဲ့ယာဉ်တွေကို ဖြန့်ကြက်ထားတယ်လို့ ယူကရိန်း မီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

မနက် ၃ နာရီနဲ့ ၃ နာရီ မိနစ် ၂၀ လောက်မှာ တံတားပေါ်မှာ တိုက်ခိုက်မှုနှစ်ရပ် ဖြစ်ပွားခဲ့တယ်လို့ ဝဂ္ဂနာ ကြေးစားစစ်တပ်နဲ့ ဆက်နွှယ်တဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ ရုရှားရဲ့ Gray Zone ချန်နယ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီဖြစ်ရပ်ကြောင့် လူနှစ်ဦးသေဆုံးပြီး တဦး ဒဏ်ရာအပြင်းအထန် ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ဒီတံတားကို တိုက်ခိုက်ခဲ့တဲ့အတွက် ယူကရိန်းကို ရုရှားက အပြစ်တင်ခဲ့ပါတယ်။ ယူကရိန်းဟာ တိုက်ခိုက်မှုကို လအတော်ကြာမှ သွယ်ဝိုက်ပြီး ဝန်ခံခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို ၂၀၂၂ ခုနှစ်မှာ ကျူးကျော်အပြီး ရုရှားနိုင်ငံသားတွေအတွက် ခရိုင်းမီးယားကျွန်းဆွယ်ဟာ အထူးသဖြင့် အပန်းဖြေခရီးထွက်ရာ နေရာတခု ဖြစ်ခဲ့တာပါ။

မကြာသေးမီ သီတင်းပတ်တွေအတွင်း ရုရှားနိုင်ငံသားတွေ အားလပ်ရက်တွေမှာ ခရီးသွားကြလို့ တံတားအဝင်ဝမှာ နေ့စဉ်နေ့တိုင်း ယာဉ်ကြောပိတ်ဆို့ခဲ့ပါတယ်။ ခုတော့ ခရိုင်းမီးယားကျွန်းဆွယ်မှာရှိတဲ့ ရုရှားကျောထောက်နောက်ခံပြု အုပ်ချုပ်ရေးက ဒေသခံတွေ တံတားကတဆင့် မသွားလာကြဖို့ တိုက်တွန်းထားပါတယ်။

Source - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013