DVB Logo
Home
မြန်မာသတင်း
သေ့ဘောဘိုးစခန်းကို KNLA နှင့် တပ်ပေါင်းစုများ သိမ်းပိုက်
DVB
·
June 3, 2025
သေ့ဘောဘိုးစခန်းကို KNLA နှင့် တပ်ပေါင်းစုများ သိမ်းပိုက်
1 / 2
Donate to DVB

ထိုင်း- မြန်မာနယ်စပ်အနီးက မြဝတီတောင်ဘက်ရှိ စစ်ကောင်စီတပ်ရဲ့ သေ့ဘောဘိုးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာမှာ ဇွန် ၃ ရက် ည ၇ နာရီလောက် အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်သူတယောက်က ပြောပါတယ်။

သေ့ဘောဘိုးစခန်းကို ဒီနေ့ မနက်က အနောက်ဘက်မှ စတင်တိုက်ရာ နာရီအနည်းငယ်မှာ စခန်းကုန်းတခုသိမ်းနိုင်ခဲ့ကြောင်း၊ ဒိနောက် စစ်ကောင်စီက လေကြောင်းကနေ ပစ်ကူပေးလာတာကြောင့် တိုက်ပွဲခေတ္တရပ်ပြီး ညနေပိုင်းမှ ထိုးစစ်ပြန်ဆင် သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အလံဖြူထောင် လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အပါအဝင် သေဆုံးဒဏ်ရာရသူ ၄၀ လောက်ရှိကြောင်း၊ လက်နက်အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပြီး စခန်းရှင်းလင်းရေးကို ဇွန် ၄ ရက်နေ့ ဆက်လက်ပြုလုပ်သွားမယ်လို့ စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ KNLA တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူတွေထဲမှာ ဗျူဟာမှူးတယောက်လည်း ပါတယ်လို့ ပြောပေမဲ့ DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြန်မာ-ထိုင်းနယ်စပ်နဲ့ တမိုင်လောက်အကွာမှာရှိပြီး စစ်ကောင်စီ တပ်အင်အား ၁၀၀ ကျော်တပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းကို KNLA ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက မေ ၂၆ ရက်ကတည်းက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာက  ဇွန် ၃ ရက် ညမှာ သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

တိုက်ပွဲမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေအပြင် အနီးကပ်တိုက်ပွဲတွေပါ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ငယ် ကျည်ဆန်တချို့ ထိုင်းနိုင်ငံဘက်ကို ကျရောက်တာရှိတယ်လို့  ဒေသခံတယောက်က ပြောပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ်တလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို KNLA ဦးဆောင်တဲ့ တပ်ပေါင်းစုတွေက  တိုက်ခိုက်သိမ်းပိုက်နေတာမှာ မေ ၂၃ ရက်က  ဘလယ်ဒိုတပ်စခန်း၊ မေ ၂၈ ရက်က ကနဲလေးစခန်းနဲ့ မေ ၂၉ ရက်က ဝေါလေဗျူဟာနဲ့ အနီးဆုံးမှာရှိတဲ့  ဘုရင့်နောင်ကုန်း စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ဆုံဆည်းမြိုင်၊ ဥကရစ်ထ၊ တောင်နီ၊ သေ့ဘောဘိုး၊ ဝါးမီးထကျေးရွာက ဒေသခံ ၂၀၀၀ လောက်ဟာ ထိုင်းနယ်စပ်၊ သောင်းရင်းမြစ်ကမ်းတလျှောက်နဲ့ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ရပ်မိရပ်ဖတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013