DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၇ ဦးထပ်တွေ့၊ ပိုးတွေ့နှုန်း ၅ ဆပိုများလာ 
DVB
·
June 3, 2025
ကိုဗစ်-၁၉ လူနာသစ် ၁၇ ဦးထပ်တွေ့၊ ပိုးတွေ့နှုန်း ၅ ဆပိုများလာ 
Donate to DVB

ပြီးခဲ့တဲ့တပတ်အတွင်း ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ယောက် တွေ့ရပြီး ရှေ့တပတ်ကထက် ပိုးတွေ့နှုန်း ၅ ဆလောက်များလာတယ်လို့ စစ်ကောင်စီဩဇာခံ ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေ အရ သိရပါတယ်။

မေ ၂၅ ရက် ည ၈ နာရီကနေ ဇွန် ၁ ရက် ည ၈ နာရီအထိ တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၇၇၈ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇ ယောက် တွေ့ရတယ်လို့ ဇွန် ၂ ရက် ညမှာ ထုတ်ပြန်လာပါတယ်။

မေ ၁၈ ရက်ကနေ ၂၅ ရက်အထိမှာ ပိုးတွေ့ရာခိုင်နှုန်းက ၁ ဒသမ ၂၂ ဖြစ်ပြီး အခုက ၀ ဒသမ ၉၆ ဖြစ်တာကြောင့် ရာခိုင်နှုန်းက ၅ ဆလောက် ပိုများလာပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က ၃ ယောက်၊ ကမာရွတ်၊ မရမ်းကုန်းနဲ့ အလုံမြို့နယ်တို့က ၂ ယောက်စီ၊ ရွှေပြည်သာ၊ ဗိုလ်တထောင်၊ ဆိပ်ကြီးခနောင်တို၊ ပုဇွန်တောင်၊ ပန်းပဲတန်း၊ သင်္ယန်းကျွန်း၊ လှိုင်သာယာနဲ့ မြောက်ဒဂုံမြို့နယ်တို့က တယောက်စီ ဖြစ်တယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနက ဒီမနက်မှာ ထုတ်ပြန်လာပါတယ်။

ဒီလူနာတွေထဲမှာ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးရတဲ့လူနာနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာမရှိဘူးလို့ ဆိုပါတယ်။

ဧပြီ ၂၇ ရက်ကနေ မေ ၄ ရက်အထိ လူပေါင်း ၂,၆၂၄ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁ ယောက်၊ မေ ၁၁ ရက်ကနေ ၁၈ ရက်အထိ လူပေါင်း ၂,၄၆၁ ယောက် စစ်ဆေးရာမှာလည်း ပိုးတွေ့သူ ၁ ယောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ချိန်ကနေ ၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်အထိ  ပိုးတွေ့သူစုစုပေါင်း ၆၄၃,၂၅၆ ယောက်၊  သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ယောက် ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၂၀၂၅ ခုနှစ်ဆန်းကနေ မေ ၂၀ ရက်ထိ  ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ သိန်းကျော်ရှိပြီး သေဆုံးသူ ၂၇ ယောက် ရှိတယ်လို့ ထိုင်း ကျန်းမာရေးဌာနဆီက သိရပါတယ်။

ကူးစက်ခံရသူ အများစုဟာ အသက် ၆၀ နဲ့အထက် လူကြီးတွေဖြစ်ပြီး လက်ရှိ ကူးစက်နေတဲ့ ကိုဗစ်-၁၉ ဟာ XEC မျိုးစိတ်ဖြစ်ပြီး မပြင်းထန်ဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013