DVB Logo
Home
နိုင်ငံတကာ
လိင်စိတ်ခံယူမှု ကွဲပြားသူများအတွက် အနုပညာပြပွဲ ချင်းမိုင်တွင် ကျင်းပ (ဓာတ်ပုံ) 
DVB
·
June 2, 2025
လိင်စိတ်ခံယူမှု ကွဲပြားသူများအတွက် အနုပညာပြပွဲ ချင်းမိုင်တွင် ကျင်းပ (ဓာတ်ပုံ) 
1 / 17
Donate to DVB

လိင်စိတ်ခံယူမှု ကွဲပြားသူတွေအတွက် အနုပညာပြပွဲ Queer Feminist Exhibition ဖွင့်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ  ဇွန် ၁ ရက်က ကျင်းပပါတယ်။

လိင်စိတ်ခံယူမှု ကွဲပြားသူတွေရဲ့ ဂုဏ်ယူစရာကာလ (LGBTQ Pride month ) ဖြစ်တဲ့ ဇွန်လမှာ  We are here, We are Queer လို့ အမည်ပေးထားတဲ့  အနုပညာပြပွဲကို ကျင်းပတာ ဖြစ်ပါတယ်။

ဒီပွဲကို စီစဉ်သူတွေထဲက တယောက်ဖြစ်တဲ့ အိုက်စ်က  "ထိုင်းမှာ queer feminist အနုပညာရှင်တွေ ဒါမှမဟုတ် queer feminists တွေရဲ့ အနုပညာပြပွဲကို ထိုင်းမှာ အရင်က ကျင်းပဖူးလားဆိုတာမျိုး မကြားဖူးပါဘူး။ ထိုင်းတနိုင်ငံလုံးမှာ ကျင်းပဖူးလား၊ မကျင်းပဖူးလား ဆိုတာမျိုးတော့ သေချာမသိပေမယ့် ချင်းမိုင်မှာတော့ ဒါမျိုးပွဲပုံစံ တခါမှ မကျင်းပဖူးဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့်မို့လို့ ဂုဏ်ယူဝံ့ကြွားစွာနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအားလုံးကို စုစည်း လက်တွဲပြီး ဒီပြပွဲကို ဖန်တီးခဲ့ပါတယ်။ Queer Feminist ဆိုတာကတော့ လိင်မှုအခြေပြု တန်းတူ အခွင့်အရေးရရှိမှုကို နားလည်တဲ့သူတိုင်း ဘယ်သူကိုမဆို ဆိုလိုချင်တာပါ။ ဒါက ဘယ်သူမဆို ဖြစ်နိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီအနုပညာပြပွဲမှာတော့ Queer Feminist အနုပညာရှင် ၁၅ ယောက်ရဲ့ အနုပညာလက်ရာတွေကို ပြသထားတာလည်း ဖြစ်ပါတယ်။

ဒီ Queer Feminist အနုပညာပြပွဲကို တက်ရောက်လာတဲ့ မေက “ဒီပွဲက ခွန်အားတွေ၊ လှပတဲ့ ကွဲပြားမှုတွေ အပြည့်ပါပဲ။ လွတ်လပ်မှုကို ဒီပွဲကနေ ခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်စွာ ဖော်ပြနိုင်မှုတွေကိုလည်း တွေ့မြင်ရတယ်။ ရဲရင့်တဲ့ ခွန်အားသတ္တိတွေကိုလည်း ခံစားရပါတယ်။ ဒီထက်ပိုပြီး ကြောက်စရာမလိုတော့ဘူး၊ ဒီထက်ပိုပြီး ဖုံးကွယ်ထားစရာ မလိုတော့ဘူးဆိုတာမျိုးပေါ့။ ဒီလို ခံစားရတော့ ကြက်သီးပါထမိတယ်။ ဒီလို ခွန်အားအပြည့်နဲ့ ခံစားမှုတွေက အနုပညာက လာတာပါ။ လူတွေ ဒီမှာ စုစည်းကြတယ်၊ အတွေးအခေါ်တွေ၊ ယုံကြည်မှုတွေနဲ့ လွတ်လပ်ခြင်း အရသာတွေကို မျှဝေကြတယ်။ ဒီလိုမျိုး လွတ်လပ်တဲ့ စိတ်ဝိဉာဉ်ခံစားမှုတွေကို မြန်မာနိုင်ငံဆီကိုလည်း ရောက်ရှိစေနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒီလိုဆိုရင် သိပ်ကို ကောင်းမယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။

Queer Feminist Exhibition ကို ချင်းမိုင်မြို့ Some Space Gallery မှာ ဇွန်လ ၁ ရက်နေ့ကနေ ၁၅ ရက်ထိ ပြသသွားမှာလည်း ဖြစ်ပါတယ်။

Photo: စောမင်းသိန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013