DVB Logo
Home
နိုင်ငံတကာ
UN-Habitat ညီလာခံက ကမ္ဘာ့အိမ်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တောင်းဆို 
DVB
·
June 2, 2025
UN-Habitat ညီလာခံက ကမ္ဘာ့အိမ်ရာ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တောင်းဆို 
Donate to DVB

ကမ္ဘာလုံးဆိုင်ရာ အိုးအိမ်အကျပ်အတည်း တိုးမြင့်လာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးတကြီး လိုအပ်နေလို့ ဒုတိယအကြိမ်မြောက် ကုလသမဂ္ဂ အိမ်ရာအစည်းအဝေးကို ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ မေ ၂၉ နဲ့ ၃၀ ရက်တွေက ကျင်းပခဲ့ပါတယ်။

ဝန်ကြီးတွေ၊ မြို့တော်ဝန်တွေ၊ သံတမန်တွေနဲ့ စက်မှုလုပ်ငန်းတွေက ကိုယ်စားလှယ်တွေ၊ ဘက်စုံအေဂျင်စီတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပညာရှင်တွေ အပါအဝင် ကိုယ်စားလှယ် အယောက် ၁၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

တကမ္ဘာလုံးက လူအယောက် သန်း ၃၀၀၀ နီးပါးဟာ လုံလောက်တဲ့အိမ်ရာ၊ လုံခြုံတဲ့ မြေယာပိုင်ဆိုင်ခွင့်၊  သန့်ရှင်းတဲ့ သောက်သုံးရေနဲ့ သန့်ရှင်းရေးလို အခြေခံဝန်ဆောင်မှုတွေကို မရကြဘူးလို့ UN-Habitat အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အန်နာကလော့ဒီယာ ရော့စ်ဘက်ခ်က ပြောပါတယ်။

အိုးအိမ်အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းတာဟာ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖို့ဖြစ်လို့ အရေးကြီးတယ်လို့လည်း သူက အလေးအနက် ပြောပါတယ်။

ကမ္ဘာတဝန်းမှာ လူပေါင်း ၁ ဒသမ ၁ ဘီလီယံကျော်ဟာ တရားမ၀င် အခြေချနေထိုင်ကြပြီး လူသန်း ၃၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေကြတယ်လို့လည်း သူက မှတ်ချက်ပြုခဲ့ပါတယ်။

အာဖရိကနဲ့ အာရှ-ပစိဖိတ်ဒေသတို့လို အမြန်မြို့ပြဖြစ်ထွန်းနေလို့ အကျပ်အတည်းဟာ အထူးပြင်းထန်နေတာပါ။

ဒေသတွင်းမှာ မြို့ကြီးတွေ တိုးချဲ့လာတာနဲ့အမျှ အိမ်ရာဖွံ့ဖြိုးရေးနဲ့အတူ အခြေခံအဆောက်အအုံ တွေ အမီလိုက်နိုင်ရေး ရုန်းကန်နေရပါတယ်။

တရားဝင် မဟုတ်ဘဲ မလုံလောက်တဲ့ နေထိုင်မှုအခြေအနေတွေ သိသိသာသာ မြင့်တက်လာပါတယ်။ အာဖရိကမှာတော့ မြို့ပြနေထိုင်မှုရဲ့ ၆၂ ရာခိုင်နှုန်းက တရားဝင် မဟုတ်ပါဘူး။

အာရှ-ပစိဖိတ်ဒေသမှာ လူဦးရေ သန်း ၅၀၀ ကျော်က အခြေခံဖြစ်တဲ့ ရေဝန်ဆောင်မှုကို လက်လှမ်းမီမှု နည်းပါးပြီး လူတစ်ဘီလီယံကျော်ကတော့ လုံလောက်တဲ့ မိလ္လာစနစ်မရှိဘဲ နေထိုင်ကြတယ်လို့ သူက ပြောပါတယ်။

ရေရှည်တည်တံ့တဲ့ မြို့ပြနဲ့ လူသားအခြေချနေထိုင်မှုများဆိုင်ရာ ကမ္ဘာ့အမြင့်ဆုံး ဆုံးဖြတ်ချက်ချတဲ့ အဖွဲ့အဖြစ် ဆောင်ရွက်တဲ့ UN-Habitat ညီလာခံဟာ ၄ နှစ်တကြိမ် ကျင်းပပါတယ်။

ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံနဲ့ အဓိကပါဝင်ပတ်သက်သူတွေကို စုစည်းထားတဲ့ ညီလာခံလည်း ဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013