DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာတဝန်းတွင် အိုးမဲ့အိမ်မဲ့ဦးရေ သန်း ၃၀၀ ကျော်ရှိဟု ကုလသမဂ္ဂ အရာရှိပြော
DVB
·
July 20, 2025
ကမ္ဘာတဝန်းတွင် အိုးမဲ့အိမ်မဲ့ဦးရေ သန်း ၃၀၀ ကျော်ရှိဟု ကုလသမဂ္ဂ အရာရှိပြော
Donate to DVB

ကမ္ဘာတဝန်းက လူဦးရေ သန်း ၃၀၀ ကျော်ဟာ လက်ရှိမှာ အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်လို့ ကုလသမဂ္ဂလူ့အခြေချ နေထိုင်မှုအစီအစဉ် (UN-Habitat) က အမှုဆောင်ဒါရိုက်တာ အန်နာကလော့ဒီယာ ရော့စ်ဘက်ခ်က ပြောပြီး ကြီးထွားလာနေတဲ့ ကမ္ဘာလုံးဆိုင်ရာ အိမ်ရာအကျပ်အတည်းအတွက် သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ ဒုတိယအကြိမ် အိုးအိမ်ညီလာခံကို ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ ၂၀၂၅ ခုနှစ် မေ ၂၉ ရက်ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေပါတယ်။

အခမ်းအနားအတွင်း ရော့စ်ဘက်ခ်က ကမ္ဘာတဝန်းမှာ လူပေါင်း ၂ ဒသမ ၈ ဘီလီယံကျော်ဟာ လက်ရှိမှာ လုံလောက်တဲ့အိမ်ရာတွေမှာ နေထိုင်ကြပြီး ၁ ဒသမ ၁ ဘီလီယံကျော်က ဆင်းရဲသားရပ်ကွက်တွေ ဒါမှမဟုတ် အလွတ်သဘော အခြေချနေရာတွေမှာနေထိုင်ကြပြီး သန်း ၃၀၀ ကျော်က နေစရာအိမ်မရှိကြဘူးလို့ ပြောပါတယ်။

ကမ္ဘာ့နေရာအများအပြားမှာ အထူးသဖြင့် အာဖရိကတိုက်မှာ မြို့ပြအိမ်ရာတွေရဲ့ ၆၂ ရာခိုင်နှုန်းက တရားမဝင်ဖြစ်ပါတယ်။

အာရှ-ပစိဖိတ်ဒေသမှာ လူဦးရေ သန်း ၅၀၀ ကျော်က အခြေခံဝန်ဆောင်မှုဖြစ်တဲ့ ရေကို လက်လှမ်းမမီတဲ့အပြင် လူဦးရေ ၁ ဘီလီယံကျော်အတွက် မိလ္လာစနစ်လိုအပ်ချက်က မပြည့်မီသေးဘူးလို့ ရော့စ်ဘက်ခ်က အလေးပေးပြောကြားခဲ့ပါတယ်။ 

ကမ္ဘာလုံးဆိုင်ရာ အိမ်ရာစိန်ခေါ်မှုတွေရဲ့ ရှုပ်ထွေးမှုနဲ့ မြင်နိုင်စွမ်းကို ပိုထိုးထွင်းသိမြင်အောင် ရော့စ်ဘက်ခ်က CMG မီဒီယာနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောခဲ့တာပါ။

“အိမ်ရာမလုံလောက်မှုတွေက မမြင်သာပေမယ့် လူပြည့်ကျပ်နေတဲ့ တိုက်ခန်းတွေ ဒါမှမဟုတ် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်ရဲ့ အနိမ့်ဆုံး စံနှုန်းတွေနဲ့တောင် မကိုက်ညီတဲ့ အိမ်တွေမှာ နေရတာက မြင်သာပါတယ်” လို့ သူက ပြောပါတယ်။

‘ဒီနေ့ခေတ် နေရာတိုင်းနီးပါးက လမ်းတွေပေါ်မှာနေရတဲ့လူတွေကို တွေ့နိုင်ပါတယ်။ လူသန်း ၃၀၀ လောက်ရှိတဲ့ အိုးမဲ့အိမ်မဲ့တွေကို မြင်ယောင်ကြည့်ပါ။ အစီရင်မခံတာတွေ ရှိနေလို့ ကိန်းဂဏန်းတွေက ဒီထက်ပိုနိုင်ပါသေးတယ်’လို့လည်း ရော့စ်ဘက်ခ်က ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013