
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဇက် ဟာ အာရှနဲ့ ဥရောပနိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေနဲ့အတူ မေ ၃၁ ရက်က ကျင်းပတဲ့ အာရှလုံခြုံရေးထိပ်သီးဆွေးနွေးပွဲမှာ စင်ကာပူကာကွယ်ရေးဝန်ကြီး ချန်ချွန်းဆင်းဂ်နဲ့အတူ အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
တပ်မတော်ခေါင်းဆောင်တွေနဲ့ တာဝန်ရှိသူတွေက နေ့လယ်စာ စားပွဲအပြီး ဆွေးနွေးဖို့စုဝေးချိန်မှာ ဥရောပသမဂ္ဂ အီးယူရဲ့ ထိပ်တန်းသံတမန် ကာဂျာ ကားလက်စ်၊ ဂျပန်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် နာခါ့တာ့နိ၊ သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်ဒ် မားလက်စ်တို့လည်း တက်ခဲ့ကြပါတယ်။
အဲဒီနေ့အစောပိုင်းက ထိပ်သီးအစည်းအဝေးမှာပြောရာမှာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုက အမှန်တကယ်ရှိပြီး ဖြစ်နိုင်ခြေရှိတာကိုသတိပြုမိတယ်လို့ ဟက်ဇက်က သတိပေးရင်း အင်ဒို-ပစိဖိတ်ဒေသက မဟာမိတ်တွေက ကာကွယ်ရေးလိုအပ်ချက်တွေအတွက် ပိုသုံးကြဖို့ တွန်းအားပေးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီး တုံးကျန်းကတော့ အာရှလုံခြုံရေးဖိုရမ်ကို မတက်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပညာရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကိုသာ စေလွှတ်ခဲ့ပါတယ်။
ကမ္ဘာတဝန်းက ထိပ်သီးကာကွယ်ရေး အရာရှိတွေ၊ အကြီးတန်း စစ်အရာရှိတွေ၊ သံတမန်တွေ၊ လက်နက်ထုတ်လုပ်သူတွေနဲ့ လုံခြုံရေး လေ့လာသုံးသပ်သူတွေကို ဖိတ်ခေါ်တဲ့ ထိပ်သီး ဆွေးနွေးပွဲကို စင်ကာပူနိုင်ငံမှာ မေ ၃၀ ရက်ကနေ ဇွန် ၁ ရက်နေ့အထိ ကျင်းပနေပါတယ်။
Source: Reuters