
ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းစာရင်းမှာ မန်ယူအသင်းက ဒုတိယနေရာ မှာရပ်တည်နေပါတယ်။ Forbes မဂ္ဂဇင်းကနေ နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းစာရင်းမှာ မန်ယူအသင်းက ရီးရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယနေရာမှ ရပ်တည်ခဲ့တာပါ။
မန်ယူအသင်းဟာ မနှစ်ကရာသီအတွင်း ပေါင် ၁ ဘီလီယံ အကြွေးတင်ရှိနေသလို ပေါင် ၁၁၃ သန်းကျော်လည်း အရှုံးပေါ်ခဲ့သည့်တိုင် ကမ္ဘာတဝန်း ပရိသတ်များပြားတာကြောင့် တန်ဖိုးမြင့်တက်နေဆဲ ဖြစ်ခဲ့တာလို့ သိရပါတယ်။
တန်ဖိုးအရှိဆုံးအသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်က ကန်ဒေါ်လာ ၆ ဒသမ ၇၅ ဘီလီယံနဲ့ ရပ်တည်နေပြီး ဘာစီလိုနာက အဆင့် ၃၊ လီဗာပူးက အဆင့် ၄၊ မန်စီးတီးကအဆင့် ၅ နေရာတွေမှာ ရပ်တည်ပါတယ်။
အဲဒီနောက် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ အာဆင်နယ်၊ စပါး၊ ချဲလ်ဆီး အသင်းတွေက ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။