DVB Logo
Home
အားကစား
ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းစာရင်းတွင်  မန်ယူအသင်း ဒုတိယနေရာ၌ ရပ်တည်
DVB
·
June 1, 2025
ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းစာရင်းတွင်  မန်ယူအသင်း ဒုတိယနေရာ၌ ရပ်တည်
Donate to DVB

ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းစာရင်းမှာ မန်ယူအသင်းက ဒုတိယနေရာ မှာရပ်တည်နေပါတယ်။ Forbes မဂ္ဂဇင်းကနေ နှစ်စဉ်ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံး ဘောလုံးအသင်းစာရင်းမှာ မန်ယူအသင်းက ရီးရဲလ်မက်ဒရစ်ရဲ့နောက် ဒုတိယနေရာမှ ရပ်တည်ခဲ့တာပါ။

မန်ယူအသင်းဟာ မနှစ်ကရာသီအတွင်း ပေါင် ၁ ဘီလီယံ အကြွေးတင်ရှိနေသလို ပေါင် ၁၁၃ သန်းကျော်လည်း အရှုံးပေါ်ခဲ့သည့်တိုင် ကမ္ဘာတဝန်း ပရိသတ်များပြားတာကြောင့် တန်ဖိုးမြင့်တက်နေဆဲ ဖြစ်ခဲ့တာလို့ သိရပါတယ်။

တန်ဖိုးအရှိဆုံးအသင်းဖြစ်တဲ့ ရီးရဲမက်ဒရစ်က ကန်ဒေါ်လာ ၆ ဒသမ ၇၅ ဘီလီယံနဲ့ ရပ်တည်နေပြီး ဘာစီလိုနာက အဆင့် ၃၊ လီဗာပူးက အဆင့် ၄၊ မန်စီးတီးကအဆင့် ၅ နေရာတွေမှာ ရပ်တည်ပါတယ်။

အဲဒီနောက် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီ၊ အာဆင်နယ်၊ စပါး၊ ချဲလ်ဆီး အသင်းတွေက ထိပ်ဆုံး ၁၀ သင်းစာရင်းမှာ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013