
ပီအက်စ်ဂျီအသင်းကို ဥရောပချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ပိုဆောင်နိုင်ခဲ့တဲ့ နည်းပြ အင်နရီကေးကို ဘာစီလိုနာကွင်းလယ်လူဟောင်း အင်နီယေစတာက ချီးကျူးလိုက်ပါတယ်။
နည်းပြအင်နရီကေးနဲ့ အင်နီယေစတာတို့ဟာ ဘာစီလိုနာမှာ အတွဲညီညီနဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြသူတွေပါ။
ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမယ့် ဂျာမနီနိုင်ငံ မြူးနစ်မြို့ဆီ ဆုဖလားသယ်ဆောင်ပေးခဲ့တဲ့ အင်နီယေစတာဟာ အသင်းဟောင်းနည်းပြ အင်နရီကေးအပေါ် ချီးကျူးစကားဆိုသွားခဲ့တာပါ။
အင်နရီကေးက အလွန်ကောင်းမွန်တဲ့နည်းပြ ဖြစ်သလို ကစားသမားတွေနဲ့ ပေါင်းသင်း ဆက်ဆံရေး အပါအဝင် သူ့ရဲ့ဘောလုံး အတွေးအခေါ်တွေကို သင်ကြားပြသရာမှာလည်း ထူးချွန်သူဖြစ်ကြောင်း အင်နီယေစတာက ပြောပါတယ်။
လက်ရှိအချိန်အထိ နည်းပြအင်နရီကေးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ လို အဆင့်အတန်းကို တက်ရောက်နိုင်အောင် စွမ်းဆောင်ခဲ့တဲ့အတွက်လည်း ဝမ်းမြောက် ဂုဏ်ယူမိကြောင်း အင်နီယေစတာက ပြောသွားပါတယ်။
Photo: Reuters