
တိုက်စစ်မှူး ရှက်ကိုအတွက် ပေါင် ၇၅ သန်းပေးဖို့ အာဆင်နယ်အသင်းကို လိုက်ပ်ဇစ်အသင်းက တောင်းဆိုထားပါတယ်။
အာဆင်နယ်ဟာ လာမယ့် ရာသီအတွက် တိုက်စစ်မှူးခေါ်ယူဖို့ ချိတ်ဆက်နေပြီး ရှက်ကိုနဲ့ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကရက်စ်တိုက အဓိက ပစ်မှတ်တွေဖြစ်လာခဲ့ပါတယ်။
လတ်တလောမှာတော့ နည်းပြအာတေတာရဲ့ စိတ်ကြိုက်တိုက်စစ်မှူးရှက်ကို ကို ဦးစားပေးခေါ်ယူဖို့ လုပ်ဆောင်နေတာဖြစ်ပြီး လိုက်ပ်ဇစ်နဲ့ ပြောင်းရွှေ့ကြေး ညှိနိူင်းဖို့သာ ကျန်ရှိတော့တာပါ။
အသက် ၂၁ နှစ်ပဲရှိသေးပြီး အရပ် ၆ ပေ ၅ လက်မမြင့်တဲ့ ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ မနှစ်က ဂျာမန်ကလပ်အတွက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၂၁ ဂိုးသွင်း၊ ၆ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
Photo: Reuters