DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေး အနည်းငယ်ကျဆင်း
DVB
·
May 30, 2025
စက်သုံးဆီဈေး အနည်းငယ်ကျဆင်း
Donate to DVB

မြန်မာပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေ အခုတပတ်မှာ အနည်းငယ် ပြန်ကျဆင်းလာပြီး ပရီမီယမ်ဒီဇယ် တလီတာကို ကျပ် ၃,၀၀၀ အောက် ပြန်ရောက်ရှိလာပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းတွေက တလီတာကို ကျပ် ၁၂၀ ကနေ ကျပ် ၁၆၀ အထိ မြင့်တက်ခဲ့ပေမဲ့ အခုသီတင်းပတ်မှာ အမျိုးအစားအလိုက် တလီတာကို ၁၅ ကျပ်ကနေ ၄၅ ကျပ်အထိ ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။

ဒီလို ဈေးနှုန်းကျဆင်းလာရတဲ့ အကြောင်းအရင်းက စင်ကာပူ ရေနံထွက်ကုန်ဈေးနှုန်း (MOPS) နဲ့ ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်းဈေးနှုန်း ကျဆင်းနေမှု၊ မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း ဈေးငြိမ်နေမှု၊ စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်း‌တွေအတွက် နိုင်ငံခြားငွေ ထုတ်ရောင်းပေးမှု စတဲ့အချက်‌တွေကြောင့် ဖြစ်တယ်လို့ ဈေးကွက်သုံးသပ်သူတွေက ထောက်ပြကြပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို နိုင်ငံခြားငွေဈေးကွက် (FX Trading Platform) ကတဆင့် ထုတ်ရောင်းပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က မကြာသေးမီက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရေး လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ စျေးနှုန်းအရ ဓာတ်ဆီ 92 တလီတာကို ၂,၈၅၅ ကျပ်၊ ဓာတ်ဆီ 95 တလီတာကို ၂,၉၁၀ ကျပ်၊ ဒီဇယ် တလီတာကို ၂,၄၀၅ ကျပ်နဲ့ ပရီမီယမ်ဒီဇယ် တလီတာကို ၂,၉၇၀ ကျပ် သတ်မှတ်ထားပါတယ်။

အရင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ရင် 92 ဓာတ်ဆီက ၁၅ ကျပ်၊ 95 ဓာတ်ဆီကလည်း ၁၅ ကျပ်၊ ဒီဇယ်က ၃၅ ကျပ်၊ ပရီမီယမ်ဒီဇယ်က ၄၅ ကျပ်စီ ဈေးကျဆင်းလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013