DVB Logo
Home
နိုင်ငံတကာ
ကနေရီကျွန်းများ ဆိပ်ကမ်းအနီး ရွှေ့ပြောင်းလှေ တိမ်းမှောက်ပြီး  ၇ ဦး သေဆုံး
DVB
·
May 30, 2025
ကနေရီကျွန်းများ ဆိပ်ကမ်းအနီး ရွှေ့ပြောင်းလှေ တိမ်းမှောက်ပြီး  ၇ ဦး သေဆုံး
Donate to DVB

စပိန်နိုင်ငံ၊ ကနေရီကျွန်းတွေဆီ ဦးတည်သွားတဲ့ ရွေ့ပြောင်းလှေတစင်းကို ကယ်ဆယ်ရေးသမား တွေက ဆိပ်ကမ်းဆီ ခေါ်ဆောင်လာချိန်မှာပဲ အလ်ယဲရိုးကျွန်းအနီး ပင်လယ်ပြင်မှာ တိမ်းမှောက် သွားမှုကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အရေးပေါ်ဝန်ဆောင်မှုဌာနက မေ ၂၈ ရက်မှာ ပြောပါတယ်။ 

နိုင်ငံပိုင်ရုပ်သံလိုင်း TVE အဆိုအရ လူပေါင်း ၁၈၀ လောက် လိုက်ပါသွားတဲ့ အမိုးမပါတဲ့ လှေဟာ ကျွန်းစုရဲ့ အသေးငယ်ဆုံးကျွန်းပေါ်ရှိ လာ-ရက်စ်တင်းဂါ ဆိပ်ကမ်းထဲ ကျသွားတယ်လို့ သိရပါတယ်။ 

သေဆုံးသူတွေထဲမှာ အသက် ၅ နှစ်အရွယ် မိန်းကလေး ၂  ယောက်အပြင် အသက် ၁၆ နှစ်အရွယ် 

မိန်းကလေး တယောက်နဲ့ အမျိုးသမီး ၄ ယောက်တို့ ပါဝင်ခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေက ပြောကြပါတယ်။ 

စပိန်ရေကြောင်းကယ်ဆယ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုချက်အရ ကယ်ဆယ်ရေး သင်္ဘော တစင်းဟာ ရွှေ့ပြောင်းလှေကို ခေါ်ဆောင်လာပြီး ဆိပ်ကမ်းဆီ ချဉ်းကပ်ချိန်မှာ ခရီးသည် အများအပြားဟာ  လှေမငြိမ်သေးဘဲ လှေရဲ့တစ်ဖက်ခြမ်းကို  တပြိုင်နက်တည်း စုပြုံ သွားရောက် ခဲ့တာကြောင့် တဖက်စောင်းနင်းဖြစ်ပြီး မှောက်သွားတာလို့ သိရပါတယ်။ 

ဒေသဆိုင်ရာ ကနေရီကျွန်းစု ရုပ်မြင်သံကြားမှာ လှေနစ်မြုပ်ပြီး ကလေးငယ်တွေ အပါအဝင် ရွှေ့ပြောင်း နေထိုင်သူတွေ ရေထဲကို ပစ်ကျသွားကာ သင်္ဘောသားတွေကလည်း အသက်ကယ် ပစ္စည်းတွေကို ပစ်ချပေးတာကြောင့် အနီးနားက ရေကြောင်းကယ်ဆယ်ရေးသင်္ဘောပေါ် တက်ဖို့ ကြိုးစားနေကြတဲ့လူတွေကို မြင်တွေ့ရပါတယ်။ 

ဒေသတွင်း ရေငုပ်ကလပ်အများအပြားမှ အဖွဲ့ဝင်တွေလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီခဲ့ကြပြီး အထူးကျွမ်းကျင်သူ ရေငုပ်သမားအများအပြားကလည်း အရေးပေါ်ဝန်ဆောင်မှု အဖွဲ့တွေကို ကူညီခဲ့ကြကြောင်း ကြက်ခြေနီပြောရေးဆိုခွင့်ရှိသူ အလက်ဆစ် ရာမို့စ်က TVE ကို ပြောကြားပါတယ်။ 

ရေထဲမှ ရွှေ့ပြောင်းနေထိုင်သူတွေကို ကယ်တင်ပေးနေတဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်း တွေကို ကူညီပေးဖို့ ဆေးကုရဟတ်ယာဉ် တစင်းကိုလည်း စေလွှတ်ခဲ့ကြောင်း အရေးပေါ် ဝန်ဆောင်မှုအဖွဲ့တွေက ပြောပါတယ်။ 

အနောက်အာဖရိကမှ ကနေရီကျွန်းတွေကို ဝင်ရောက်လာသူဦးရေဟာ ၂၀၂၄ ခုနှစ်မှာ အမြင့်ဆုံးကို ရောက်ရှိလာခဲ့ပေမဲ့ အခုနှစ်မှာတော့ ရောက်ရှိလာသူအရေအတွက် ကျဆင်းသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်း မော်ရိုကို၊ မော်ရီတေးနီးယား၊ ဆီနီဂေါနဲ့ ဂမ်ဘီယာတို့ကနေ ကနေရီကျွန်းတွေဆီ အတ္တလန်တိတ် သမုဒ္ဒရာကူး လမ်းကြောင်းနဲ့ ထွက်ခွာလာတဲ့ လူပေါင်း ၄၈၀၈ ဦးတို့ သေဆုံးခဲ့ကြောင်း  Walking Borders အမည်ရှိ ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးအဖွဲ့က ပြောပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013