
လီဗာကူဆင် နည်းပြသစ် အဲရစ်တန်ဟတ်ဂ်ဟာ အသင်းဟောင်း မန်ယူက ကစားသမား ၂ ယောက်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေပါတယ်။
ဂျာမန်သတင်းတွေမှာ ဖော်ပြချက်အရ နည်းပြ တန်ဟတ်ဂ်ဟာ အသင်းပြောင်းရွှေ့တော့မယ့် ကွင်းလယ်တိုက်စစ်ကစားသမား ဖလော်ရီယန် ဝစ်ဇ်ရဲ့ နေရာအတွက် ကစားသမားသစ်ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။
နည်းပြ တန်ဟတ်ဂ် ခေါ်ယူလိုတဲ့ မန်ယူကစားသမားတွေက ဘက်တစ်မှာ အငှားထွက်ကစားနေတဲ့ တောင်ပံကစားသမား အန်တိုနီနဲ့ ဂါနာချိုတို့ ဖြစ်တယ်လို့ ဂျာမန်သတင်းစာ ကစ်ကာက ဖော်ပြပါတယ်။
အန်တိုနီဟာ ဘက်တစ်နဲ့ အငှားစာချုပ်ပြည့်သွားလို့ မန်ယူအသင်းဆီ ပြန်လာမှာဖြစ်ပေမဲ့ အသင်းကနေ ထွက်ခွာဖို့ရှိနေပြီး အိုင်းယက်စ်မှာကတည်းက လက်တွဲလာတဲ့ အန်တိုနီကို နည်းပြ တန်ဟတ်ဂ်က ပြန်ခေါ်လိုနေတာပါ။
ဂါနာချိုဟာလည်း နည်းပြအာမိုရင်နဲ့ အဆင်မပြေဖြစ်နေတာကြောင့် အသင်းပြောင်းရွှေ့မယ်လို့ သတင်းထွက်နေသူ ဖြစ်ပါတယ်။