
ချဲလ်ဆီးကနေ အက်စတွန်ဗီလာဆီ အငှားစာချုပ်နဲ့ ရောက်ရှိနေတဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ဂါနာချိုကို စပိန်ကလပ်တွေက ခေါ်ယူဖို့ စောင့်ကြည့်နေကြပါတယ်။
ဂါနာချိုဟာ နည်းပြ အူနိုင်းအမ်မရီရဲ့အသင်းမှာ ၃၁ မိနစ်သာ ပါဝင်ကစားခွင့် ရသေးတာ ဖြစ်ပါတယ်။
ဒီလို ပွဲထွက်ခွင့် နည်းပါးနေတာကြောင့် သူ့ရဲ့ ဗီလာကစားသမားဘဝဟာ အဆင်မပြေဖြစ်နေတာပါ။
ဂါနာချိုရဲ့ ငှားရမ်းမှုစာချုပ်မှာ သတ်မှတ်ချက်တွေ ပြည့်မီခဲ့ရင် ပေါင် ၄၃ သန်းနဲ့ အပြီးသတ် ခေါ်ယူရမဲ့ သဘောတူညီချက် ပါဝင်ပါတယ်။
ဒါပေမဲ့ ကစားချိန် နည်းပါးနေတာကြောင့် စပိန်လာလီဂါကလပ်အသင်းတွေက သူ့ကို ခေါ်ယူဖို့ ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။











