
ယီမင်ရှိ အကြီးဆုံးလေဆိပ်ဖြစ်တဲ့ ဆာနားအပြည်ပြည်ဆိုင်ရာလေဆိပ်ကို မေ ၂၈ ရက်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဟူသီခေါင်းဆောင် အဗ္ဗဒူလ် မာလိခ်အယ်လ်ဟူသီက ရှုတ်ချလိုက်ပြီး ယယ်မန်းနီးယား လေကြောင်းပိုင် လေယာဉ်တစင်း ပျက်စီးပြီး လုပ်ငန်းလည်ပတ်မှု အနှောင့်အယှက် ဖြစ်သွားခဲ့ပါတယ်။
ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ အယ်လ်ဟူသီက သူတို့အဖွဲ့ရဲ့ ပါလက်စတိုင်းကို ထောက်ခံမှုကို ထပ်မံအတည်ပြုခဲ့ပါတယ်။
ဒီနေ့ ဆာနာလေဆိပ်ကို အစ္စရေးရဲ့ တိုက်ခိုက်မှုဟာ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုအပေါ် မျှော်မှန်းထားတဲ့ ယီမင်နိုင်ငံရဲ့ ဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံနေတဲ့ နိုင်ငံရဲ့ အခြေခံရပ်တည်ချက်ကို ဖိအားပေးဖို့ ရည်ရွယ်တာပါလို့ အယ်လ်ဟူသီက ပြောကြားခဲ့ပါတယ်။
အရင်တရက်က ယီမင်စစ်သွေးကြွတွေဟာ အစ္စရေးဘက်ကို ဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပြီးနောက်မှာ အစ္စရေးက ဆာနားအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဟူသီအဖွဲ့ အသုံးပြုတဲ့ နောက်ဆုံးလက်ကျန် အရပ်သားလေယာဉ် အပါအဝင် ဟူသီပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။
ဆာနားလေဆိပ်ကို အရင် အစ္စရေးတိုက်ခိုက်မှုတွေအပြီးမှာ ယာယီပြုပြင်မှုတွေနဲ့ လေယာဉ်ပြေးလမ်း ပြန်လည်တည်ဆောက်မှုတွေအပြီး ပြီးခဲ့တဲ့သီတင်းပတ်က လေဆိပ်ကို ပြန်လည်အသုံးပြုနိုင်ခဲ့တာပါ။
ဒီလေဆိပ်ကို ကုလသမဂ္ဂလေယာဉ်နဲ့ အခုနောက်ဆုံး အစ္စရေးတိုက်ခိုက်မှု ခံလိုက်ရတဲ့ လေယာဉ်တို့ အဓိက အသုံးပြုနေတာဖြစ်ပါတယ်။
အခုလအစောပိုင်းက တိုက်ခိုက်မှုကြောင့် တခြား ယယ်မန်းနီးယား လေကြောင်းပိုင် လေယာဉ် ၃ စင်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
Source: Reuters