DVB Logo
Home
Lead Story
ပြင်သစ်အသင်း ကွာတားဖိုင်နယ်တက်သွားသဖြင့် ပရိတ်သတ်များအောင်ပွဲခံ
DVB
·
July 5, 2026
ပြင်သစ်အသင်း ကွာတားဖိုင်နယ်တက်သွားသဖြင့် ပရိတ်သတ်များအောင်ပွဲခံ
1 / 10
Photo: Reuters
Donate to DVB

အမေရိကန်နိုင်ငံ၊ ဖီလာဒဲလ်ဖီးယားကွင်းမှာ ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ ပြင်သစ်အသင်းက ပါရာဂွေးကို (၁-၀) ဂိုးနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ပြင်သစ်ပရိသတ်တွေက အားကစားကွင်းအပြင်ဘက်မှာ အောင်ပွဲခံခဲ့ကြပေမဲ့ ပွဲက မျှော်လင့်ထားတာထက် ပိုမို ခက်ခက်ခဲခဲ ကစားခဲ့ရပါတယ်။

ပြင်သစ်ဂျာစီတွေ ဝတ်ဆင်ထားတဲ့ ပရိသတ်တွေဟာ အလံတွေဝှေ့ယမ်းပြီး ဓာတ်ပုံရိုက်ကာ အောင်ပွဲကို ဆင်နွှဲခဲ့ကြတာပါ။

တချို့ ပရိသတ်တွေကတော့ ပြင်သစ်အသင်းခေါင်းဆောင် ကြယ်ပွင့်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေရဲ့ မျက်နှာပုံကို ကိုင်ဆောင်ပြီး အသင်းရဲ့ နောက်တဆင့် တက်ရောက်မှုကို ဂုဏ်ပြုခဲ့ကြပါတယ်။ 

အပူချိန် ၃၈ ဒီဂရီစဲလ်စီးယပ်စ်အထိ အလွန်ပူပြင်းတဲ့ ရာသီဥတုအောက်မှာ ကစားခဲ့ရတဲ့ ပြင်သစ်နဲ့  ပါရာဂွေး အသင်းတို့ရဲ့ပွဲစဉ်မှာတော့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် မိနစ် ၇၀ မှာ ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ပင်နယ်တီကနေတဆင့် ဒီပွဲရဲ့ တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ကမ္ဘာ့ဖလားဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ပြင်သစ်အသင်းဟာ  ဒီပွဲမှာရုန်းကန်ကစားခဲ့ရပြီး ပထမပိုင်းမှာ  ဂိုးပေါက်တည့်ကန်ချက် တကြိမ်မှ မရရှိခဲ့ပဲ  ဒုတိယပိုင်း မိနစ် ၇၀ ကျမှ  လူစားဝင်ကစားသမား ဒီဆိုင်းရီ ဒူးဝဲလ်ကို  ပါရာဂွေးကစားသမား ဒီယေဂို ဂိုမက်ဇ်က ဖျက်ထုတ်ပုံကြမ်းခဲ့လို့ ကွင်းလယ်ဒိုင်လူကြီးက VAR ကြည့်ပြီး  ပင်နယ်တီ ပေးခဲ့ပါတယ်။

အမ်ဘာပေက ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းပြီး ပြင်သစ်ကို နောက်တဆင့် တက်စေခဲ့သလို သူ့အနေနဲ့လည်း ဒီပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုပြိုင်ပွဲမှာ အာဂျင်တီးနားဂန္ထဝင် လီယွန်နယ် မက်ဆီရဲ့ သွင်းဂိုး ၇  ဂိုး စံချိန်နှင့် တူညီသွားခဲ့ပြီဖြစ်ပါတယ်။

နည်းပြ ဒေးရွှန့်စ်ရဲ့ ပြင်သစ်အသင်းဟာ ဇူလိုင် ၉ ရက်နေ့ ကွာတားဖိုင်နယ်ပွဲမှာ မော်ရိုကိုအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ပါရာဂွေးအသင်းကတော့ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံး ကမ္ဘာ့ဖလားခရီးစဉ်ဟာ ၁၆ သင်းအဆင့်မှာပဲ အဆုံးသတ်ခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013