DVB Logo
Home
မြန်မာသတင်း
Federal Wings ဒရုန်းတပ်ဖွဲ့က တပ်သားသစ် ခေါ်ယူ
DVB
·
May 29, 2025
Federal Wings ဒရုန်းတပ်ဖွဲ့က တပ်သားသစ် ခေါ်ယူ
1 / 3
Donate to DVB

Federal Wings ဒရုန်းတပ်ဖွဲ့က Research and Development လုပ်ငန်းတွေမှာ လက်တွဲဆောင်ရွက်လိုတဲ့ တော်လှန်ရေးအဖွဲ့တွေကို ခေါ်ယူနေပြီး တော်လှန်ရေးတာဝန် ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ဦးစားပေး ခေါ်ယူနေတယ်လို့ Federal Wings တပ်ဖွဲ့ထံကနေ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တခုမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသူနဲ့ စစ်အာဏာရှင်ကို နည်းပညာနဲ့ တော်လှန်လိုသူတွေကို Federal Wings ဒရုန်းနည်းပညာတွေကို သင်ကြားပို့ချပေးမှာလို့ ဆိုပါတယ်။

Federal Wings တာဝန်ရှိသူက “FW အနေနဲ့ ဒရုန်းတွေကို ထုတ်လုပ်ရောင်းချခြင်းမျိုး ပြုလုပ်မှာမဟုတ်ဘဲ FW နဲ့ လက်တွဲထားတဲ့ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေရဲ့ လိုအပ်ချက်တွေကို အလျဉ်မီအောင် ဖြည့်တင်းနိုင်ဖို့အတွက် ဦးစားပေး ဆောင်ရွက်နေတယ်” လို့ ပြောပါတယ်။

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ချေမှုန်းရာမှာ ဝေဟင်ကနေ ဒရုန်းနည်းပညာအသုံးပြုကာ တိုက်ခိုက်တာတွေ ပြုလုပ်နေပြီး စစ်မြေပြင်မှာ လိုအပ်နေတဲ့ ဒရုန်းတပ်သားသစ် ခေါ်ယူမှုတွေ ပြုလုပ်တာလို့ သိရပါတယ်။

Photo: Fedral Wings

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013