DVB Logo
Home
နိုင်ငံတကာ
ပူတင်၊ ထရမ့်ပ်နှင့် ဇလန်းစကီး ၃ ပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေရှိဟု ရုရှားပြော
DVB
·
May 29, 2025
ပူတင်၊ ထရမ့်ပ်နှင့် ဇလန်းစကီး ၃ ပွင့်ဆိုင် ထိပ်သီးအစည်းအဝေး ဖြစ်နိုင်ခြေရှိဟု ရုရှားပြော
Donate to DVB

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ကြား ထိပ်သီးအစည်းအဝေးတရပ် ပြုလုပ်နိုင်ခြေရှိကြောင်း၊ ဒါပေမဲ့ အဲဒီထိပ်သီးအစည်းအဝေးကို တိုက်ရိုက်စီစဉ်တာမျိုး မဟုတ်ဘဲ လမ်းကြောင်းအမျိုးမျိုးနဲ့ ကိုယ်စားလှယ်အဖွဲ့တွေအကြား ဆွေးနွေးမှုရလဒ်အဖြစ်သာ ဖြစ်တယ်လို့ ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ်က မေ ၂၈ ရက်မှာ ပြောပါတယ်။

ရုရှား၊ အမေရိကန်နဲ့ ယူကရိန်း သမ္မတတွေအကြားတွေ့ဆုံပွဲတခု ဖြစ်ပေါ်လာနိုင်ခြေ ရှိ မရှိ မေးမြန်းရာမှာ ရုရှားနိုင်ငံကတော့ သူ့ရဲ့ရပ်တည်ချက်ကို ပြောင်းလဲဖို့မရှိကြောင်း ကရင်မလင် ပြောခွင့်ရ ဒီမီထရီ ပက်စ်ကို့ဗ်က ပြောကြားခဲ့ပါတယ်။

နှစ်ဖက်စလုံးက ပေးအပ်လာမယ့် စာချွန်လွှာမူကြမ်းတွေကို မကြာခင် သိရှိလာမှာဖြစ်ပြီး ဆွေးနွေးပွဲအသစ်ကိစ္စက အစီအစဉ်မှာ ပါလာပါလိမ့်မယ်လို့လည်း ဆိုပါတယ်။

နောက်တကြိမ် တိုက်ရိုက်ဆွေးနွေးပွဲ ကျင်းပမယ့်နေရာကို ဆုံးဖြတ်ချက်မချရသေးပေမဲ့ အဲဒီနေရာဟာ နှစ်ဖက်စလုံးနဲ့ ကိုက်ညီသင့်တယ်လို့ ပက်စ်ကို့ဗ်က ပြောပါတယ်။

ဇလန်းစကီးဟာ သူကတော့ ထရမ့်ပ်၊ ပူတင်တို့နဲ့ ၃ နိုင်ငံ တွေ့ဆုံပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ မေ ၂၇ ရက်မှာ ပြောကြားခဲ့တာပါ။

ထိပ်သီးအစည်းအဝေးကို ကျင်းပနိုင်ဖို့ ကိုယ်စားလှယ်အဖွဲ့တွေက အရင်ဆုံး သဘောတူညီထားတဲ့ အစီအစဉ် အတိအကျအတိုင်း ကြိုတင်လုပ်ဆောင်ထားရမှာ ဖြစ်ပါတယ်။

အစောပိုင်းက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရို့ဗ်ဟာ ဗာတီကန်မှာ ဆွေးနွေးပွဲ ကျင်းပမယ်ဆိုတဲ့ စိတ်ကူးကို ပယ်ချခဲ့ပါတယ်။

ကက်သလစ်ဘုရားကျောင်းနေရာဟာ သြသဒေါက်စ်နိုင်ငံ ၂ ခုအကြား ဆွေးနွေးပွဲတွေကို လက်ခံ ကျင်းပနိုင်လောက်တဲ့ အံဝင်ခွင်ကျဖြစ်မှုမျိုး ရှိမှာမဟုတ်ဘူးလို့လည်း အလေးပေး ပြောဆိုခဲ့ပါတယ်။

ယူကရိန်းဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ကေ့သ် ကဲလော့ဂ် ကတော့ လာမယ့် ဆွေးနွေးပွဲတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ရွေးချယ်မှုအဖြစ် ဂျီနီဗာမှာ ပြုလုပ်ဖို့ အင်္ဂါနေ့က အကြံပြုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013