
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကုန်သွယ်မှု ပေါ်လစီကြောင့် တရုတ်အွန်လိုင်းရှော့ပင်း ဖြစ်တဲ့ Temu ရဲ့ အမြတ်ငွေ ၅၀ ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့တယ်လို့ မိခင်ကုမ္ပဏီဖြစ်တဲ့ PDD Holdings က ဖော်ပြပါတယ်။
အမေရိကန်စာရင်းမှာ Temu ဟာ ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဒီနှစ် ပထမ ၃ လမှာ ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံအထိ ကျဆင်းခဲ့တယ်လို့ PDD Holdings က ပြောပါတယ်။
ဒီလအစောပိုင်းက ထရမ့်ပ်အစိုးရအဖွဲ့က ဒေါ်လာ ၈၀၀ အောက် ပါဆယ်တွေကို အခွန်ကောက်ခံမှု ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။
ဒီနှစ်ရဲ့ ပထမ ၃ လပတ်မှာ Temu ဟာ ၄၇ ရာခိုင်နှုန်း အမြတ်ငွေ ကျဆင်းခဲ့တယ်လို့ PDD က ထုတ်ပြန်ထားပြီး ဥက္ကဋ္ဌ ချန်က ဒါဟာ အခွန်တိုးကောက်တဲ့ ပေါ်လစီတွေ ပြောင်းလဲမှုကြောင့်လို့ ပြောပါတယ်။
အမေရိကန်-တရုတ် ကုန်သွယ်စစ်က မိမိတို့ ကုန်သည်တွေအတွက် သိသာတဲ့ ဖိအားတွေ ဖြစ်ပေါ်စေတယ်လို့လည်း ဥက္ကဋ္ဌ ချန်က ပြောပါတယ်။
တရုတ် e-commerce ကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ အခွန် ၁၂၀ ရာခိုင်နှုန်း တိုးကောက်မှုနဲ့ ရင်ဆိုင်နေရတာက မေလအစောပိုင်းမှာ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။
ဒီလို အခွန်တိုးကောက်တာက တရုတ်ကနေ အမေရိကန် ကာစတန်မာတွေကို တိုက်ရိုက် ကုန်ပစ္စည်းရောင်းချမှုတွေ အဆုံးသတ်သွားတာဖြစ်တယ်လို့ Temu က တုံ့ပြန်ထားပါတယ်။
ဒါပေမဲ့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးအခြေအနေ တင်းမာမှုကြောင့် ရက် ၉၀ အတွက် ပါဆယ်အသေးတွေဟာ ထက်ဝက်လျှော့ချခံခဲ့ရပါတယ်။
Temu နဲ့ ပြိုင်ဘက်ကုမ္ပဏီတွေဟာ ဥရောပနဲ့ ဗြိတိန်မှာလည်း လူတွေရဲ့ အိမ်အရောက်ပို့ ပါဆယ်အသေးတွေအတွက် ၂ ယူရို ကောက်ခံမယ့် အဆိုပြုထားလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ််
ပြီးခဲ့တဲ့လကတော့ လက်လီရောင်းချသူတွေရဲ့ စောဒကတက်မှုတွေကြောင့် တန်ဖိုးနည်း ပါဆယ်တွေ နိုင်ငံအတွင်း ဝင်ရောက်မှုကို အစိုးရအဖွဲ့က ပြန်လည်သုံးသပ်မှာဖြစ်တယ်လို့ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရီဗီးက ကြေညာထားပါတယ်။
Source: Reuters