DVB Logo
Home
နိုင်ငံတကာ
ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်အွန်လိုင်းရှော့ပင်း Temu အမြတ်ငွေ ထက်ဝက်ထိုးကျ
DVB
·
May 28, 2025
ကုန်သွယ်ရေးစစ်ပွဲကြောင့် တရုတ်အွန်လိုင်းရှော့ပင်း Temu အမြတ်ငွေ ထက်ဝက်ထိုးကျ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ကုန်သွယ်မှု ပေါ်လစီကြောင့် တရုတ်အွန်လိုင်းရှော့ပင်း ဖြစ်တဲ့ Temu ရဲ့ အမြတ်ငွေ ၅၀ ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့တယ်လို့ မိခင်ကုမ္ပဏီဖြစ်တဲ့ PDD Holdings က ဖော်ပြပါတယ်။

အမေရိကန်စာရင်းမှာ Temu ဟာ ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး ဒီနှစ် ပထမ ၃ လမှာ ဒေါ်လာ ၂ ဒသမ ၀၅ ဘီလီယံအထိ ကျဆင်းခဲ့တယ်လို့ PDD Holdings က ပြောပါတယ်။

ဒီလအစောပိုင်းက ထရမ့်ပ်အစိုးရအဖွဲ့က ဒေါ်လာ ၈၀၀ အောက် ပါဆယ်တွေကို အခွန်ကောက်ခံမှု ကင်းလွတ်ခွင့် ပြုခဲ့ပါတယ်။

ဒီနှစ်ရဲ့ ပထမ ၃ လပတ်မှာ Temu ဟာ ၄၇ ရာခိုင်နှုန်း အမြတ်ငွေ ကျဆင်းခဲ့တယ်လို့ PDD က ထုတ်ပြန်ထားပြီး ဥက္ကဋ္ဌ ချန်က ဒါဟာ အခွန်တိုးကောက်တဲ့ ပေါ်လစီတွေ ပြောင်းလဲမှုကြောင့်လို့ ပြောပါတယ်။

အမေရိကန်-တရုတ် ကုန်သွယ်စစ်က မိမိတို့ ကုန်သည်တွေအတွက် သိသာတဲ့ ဖိအားတွေ ဖြစ်ပေါ်စေတယ်လို့လည်း ဥက္ကဋ္ဌ ချန်က ပြောပါတယ်။

တရုတ် e-commerce ကုမ္ပဏီတွေဟာ အမေရိကန်ရဲ့ အခွန် ၁၂၀ ရာခိုင်နှုန်း တိုးကောက်မှုနဲ့ ရင်ဆိုင်နေရတာက မေလအစောပိုင်းမှာ ရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို အခွန်တိုးကောက်တာက တရုတ်ကနေ အမေရိကန် ကာစတန်မာတွေကို တိုက်ရိုက် ကုန်ပစ္စည်းရောင်းချမှုတွေ အဆုံးသတ်သွားတာဖြစ်တယ်လို့ Temu က တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးအခြေအနေ တင်းမာမှုကြောင့် ရက် ၉၀ အတွက် ပါဆယ်အသေးတွေဟာ ထက်ဝက်လျှော့ချခံခဲ့ရပါတယ်။

Temu နဲ့ ပြိုင်ဘက်ကုမ္ပဏီတွေဟာ ဥရောပနဲ့ ဗြိတိန်မှာလည်း လူတွေရဲ့ အိမ်အရောက်ပို့ ပါဆယ်အသေးတွေအတွက် ၂ ယူရို ကောက်ခံမယ့် အဆိုပြုထားလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ််

ပြီးခဲ့တဲ့လကတော့ လက်လီရောင်းချသူတွေရဲ့ စောဒကတက်မှုတွေကြောင့် တန်ဖိုးနည်း ပါဆယ်တွေ နိုင်ငံအတွင်း ဝင်ရောက်မှုကို အစိုးရအဖွဲ့က ပြန်လည်သုံးသပ်မှာဖြစ်တယ်လို့ ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရေချယ်ရီဗီးက ကြေညာထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013