DVB Logo
Home
နိုင်ငံတကာ
တရုတ်ကုမ္ပဏီ Shein နှင့် Temu တို့ကို အမေရိကန် အခွန်လျှော့ချ 
DVB
·
May 14, 2025
တရုတ်ကုမ္ပဏီ Shein နှင့် Temu တို့ကို အမေရိကန် အခွန်လျှော့ချ 
Donate to DVB

အသေးစားပါဆယ်ပစ္စည်းတွေပို့တဲ့ တရုတ်အွန်လိုင်းလက်လီကုမ္ပဏီ  Shein နဲ့ Temu တို့ရဲ့ ကုန်တင်ပို့မှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က  အခွန် ၁၂၀ ရာခိုင်နှုန်းမှ ၄၅ ရာခိုင်နှုန်းသို့ အခွန်ကောက်ခံမှု သိသိသာသာ လျှော့ချခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံ ၂ ခုဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် အပြန်အလှန် အခွန်တိုးကောက်မှုကို လျှော့ချခဲ့တာ ဖြစ်ပါတယ်။

ဒေါ်လာ ၈၀၀ အထိ အသေးစားပါဆယ်ပို့ဆောင်မှုအတွက် အခွန်ကောက်မှုကို ၁၂၀ ရာခိုင်နှုန်း ကနေ ၅၄ ရာခိုင်နှုန်းအထိ လျှော့ချခဲ့တယ်လို့ အိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။

တရုတ်အွန်လိုင်းလက်လီကုမ္ပဏီတွေဖြစ်တဲ့ Shein၊ Temu တို့ရဲ့ တန်ဖိုးနည်းကုန်တင်ပို့မှုဟာ ဂျူတီအခွန်ကောက်မှုနဲ့ သွင်းကုန်ခွန် လွတ်ကင်းခဲ့ပါတယ်။

ထရမ့်ပ်အစိုးရက  ဒီလအစောပိုင်းက ဒီကင်းလွတ်ခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပြီး အခွန်တိုးကောက်မယ့် ရာခိုင်နှုန်း လျှော့ချခဲ့တာပါ။

ထရမ့်ပ်က သတင်း‌ထောက်တွေကို ပြောကြားရာမှာ တရုတ်နိုင်ငံကို ထိခိုက်အောင် မိမိတို့ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လာမယ့် စနေ၊ တင်္ဂနွေမှာလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးဖို့ မျှော်လင့်တဲ့အကြောင်း ထရမ့်ပ်က ပြောပါတယ်။

အမေရိကန်က တရုတ်နဲ့ ကုန်သွယ်မှုမှာ တချို့ကဏ္ဍတွေကို အခွန်းတိုးမြှင့်ကောက်ခံမှု ဆိုင်းငံ့ထားမှာဖြစ်ပြီး ၃ လအတွင်း အခွန်တိုးမြှင့်မှုတွေ ရှိမှာဖြစ်ပေမဲ့ ၁၄၅ ရာခိုင်နှုန်းအထိတော့ တိုးမှာမဟုတ်ဘူးလို့ ဆိုထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013