
ပနားမားနိုင်ငံ အရှေ့မြောက်ပိုင်းက ချန်ဂွေနိုလာမြို့မှာ ချီကွေတာ ပနားမား ကုမ္ပဏီကနေ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက သူတို့ရဲ့ အခွင့်အရေးအတွက် ဆက်ပြီး သပိတ်မှောက်သွားမယ်လို့ ပြောပါတယ်။
ဧပြီလနှောင်းပိုင်းက စပြီး ချီကွေတာ ပနားမား ကုမ္ပဏီရဲ့ ငှက်ပျောခြံမှာ အလုပ်သမားတွေကို အလုပ်ထုတ်ပစ်ခဲ့တာပါ။ ဒါဟာ မတရား အလုပ်ထုတ်တာလို့ အလုပ်သမားတွေက ပြောခဲ့ပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ဂျရတ်ဒို ရိုဒရီဂက်ဇ်က “ကျနော်က မိသားစုလေးယောက်နဲ့ မတည်မငြိမ် မနေနိုင်လို့ ရှင်သန်ဖို့ နည်းလမ်းတွေ ရှာဖို့လိုတယ်။ ဆက်သွားရမယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သူနဲ့ သူ့မိန်းမ နှစ်ယောက်လုံး ချီကွေတာကုမ္ပဏီမှာ အလုပ်လုပ်ဖူးပါတယ်။ နိုင်ငံတဝန်း ဝန်ထမ်း စုစုပေါင်း ၆,၅၀၀ ထဲက ဝန်ထမ်းအယောက် ၅,၀၀၀ လောက် အလုပ်ထုတ်ခံခဲ့ရတယ်လို့ ကုမ္ပဏီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဘိုကက်စ်ဒေ တိုရို ပြည်နယ်က လမ်းတွေကို ပိတ်ဆို့နေတဲ့ အလုပ်သမားတွေက သူတို့ရဲ့ ရပိုင်ခွင့်တွေနဲ့ မျိုးဆက်သစ်တွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ဆက်ပြီး ဆန္ဒပြသွားမယ်လို့ ပြောခဲ့ပါတယ်။
လူမှုဖူလုံရေး ပြုပြင်ပြောင်းလဲရေး အပါအဝင် အနာဂတ် ပင်စင်လစာတွေကို ထိခိုက်နိုင်တယ်လို့ ပြောနေကြတဲ့ ပြုပြင်ပြောင်းလဲရေး အပါအဝင် ကိစ္စရပ်တွေကို အလုပ်သမားတွေက နိုင်ငံအနှံ့မှာ ကန့်ကွက်ဆန္ဒပြနေကြပါတယ်။
Source: Reuters