DVB Logo
Home
နိုင်ငံတကာ
Lilo & Stitch နှင့် Mission: Impossible ဇာတ်ကားဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ခန့် ရှိလာ
DVB
·
May 27, 2025
Lilo & Stitch နှင့် Mission: Impossible ဇာတ်ကားဝင်ငွေ ဒေါ်လာ သန်း ၅၀၀ ခန့် ရှိလာ
Donate to DVB

တွမ်ခရုဇ် သရုပ်ဆောင်ထားတဲ့  Mission: Impossible- The Final Reckoning ရုပ်ရှင်နဲ့ live-action ရုပ်ရှင်တခုဖြစ်တဲ့ Lilo & Stitch ဇာတ်ကား ၂ ကားရဲ့ ရုံဝင်ကြေးဟာ ကမ္ဘာတဝန်း ဒေါ်လာ ၄၉၄ ဒသမ ၂ သန်းအထိ ရှိလာပါတယ်။

ဒါဟာ အမေရိကန်နဲ့ ကနေဒါမှာ ရရှိတဲ့ ရုံဝင်ကြေး ၂၀၈ သန်းခွဲ လည်း ပါဝင်တာကြောင့် စံချိန်တင် ဝင်ငွေရရှိတဲ့ ဇာတ်ကားတွေ ဖြစ်လာပါတယ်။

Lilo & Stitch ဇာတ်ကားဟာ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ကာတွန်းရုပ်ရုင်ရဲ့ အဆက်ဖြစ်ပြီး ဒီဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ ဒေါ်လာ ၁၄၅ သန်းခွဲ အပါအဝင် တနင်္ဂနွေနေ့ကအထိ ကမ္ဘာတဝန်း ဝင်ငွေ ဒေါ်လာ ၃၀၄ ဒသမ ၂ သန်းအထိ ရှိလာပါတယ်။

Lilo & Stitch ဟာ ၂၀၁၉ ခုနှစ် ကွန်ပျူတာကာတွန်းရုပ်ရှင်အဖြစ် ပြန်ဖန်တီးထားတဲ့ The Lion King နောက်ပိုင်း Disney ရဲ့ ဝင်ငွေအကောင်းဇာတ်ကား ဖြစ်လာပါတယ်။

Lilo & Stitch ဇာတ်ကားကို ဘတ်ဂျက် ဒေါ်လာ သန်း ၈၀ အကုန်ကျခံပြီး ရိုက်ကူးခဲ့ကာ လက်ရှိဝင်ငွေ ဒေါ်လာ သန်း ၂၀၀ ကျော် ရရှိနေပြီ ဖြစ်ပါတယ်။

Ethan Hunt အဖြစ် တွမ်ခရုဇ် သရုပ်ဆောင်ထားတဲ့ Mission: Impossible ဇာတ်ကားကလည်း ကနေဒါနဲ့ အမေရိကန်မှာ ဒေါ်လာ ၆၃ သန်း အပါအဝင် တကမ္ဘာလုံး လက်မှတ်ရောင်းချရမှု ဒေါ်လာ သန်း ၁၉၀ အထိ ရှိခဲ့ပြီး Mission: Impossible စီးရီးတွေအနက် ဝင်ငွေအကောင်းဆုံးဖြစ်ခဲ့တဲ့ Mission: Impossible Fallout ထက်တောင် ပထမအပတ်ဝင်ငွေ အများဆုံးဇာတ်ကား ဖြစ်လာပါတယ်။

Mission: Impossible ဇာတ်ကားသက်တမ်းက ၂၉ နှစ်သက်တမ်းရှိတဲ့ စီးရီးတခုဖြစ်ပြီး ဒီကားအတွက် လက်မှတ်ဝယ်ယူသူ ၄၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၁၈ ကနေ ၃၄ နှစ်အတွင်း ဖြစ်ပါတယ်။

Mission: Impossible ဇာတ်ကား ကြည့်ရှုသူ အများစုဟာ အသက်ကြီးပိုင်း အများစုဖြစ်တာ တွေ့ရပါတယ်။

The Final Reckoning ဇာတ်ကားဟာ ဘတ်ဂျက် ဒေါ်လာ သန်း ၃၀၀ ကနေ သန်း ၄၀၀ အထိ သုံးစွဲထားတဲ့ ဇာတ်ကားဖြစ်ပြီး အချိန်တိုင်းအတွက် ငွေသုံးစွဲမှုအများဆုံးစာရင်း အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။

ရုပ်ရှင်လက်မှတ် ရောင်းချမှုဟာ အမေရိကန်နဲ့ ကနေဒါမှာ လွန်ခဲ့တဲ့ ၁ နှစ်ကထက် ၂၁ ရာခိုင်နှုန်း တိုးတက်လာပြီး ၂၀၁၉ ခုနှစ် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန်ကနဲ့ ယှဉ်ရင် ၂၉ ရာခိုင်နှုန်း တိုးတက်လာတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013