
အီရတ်တောင်ပိုင်းမှာ အပူချိန်မြင့်လာတာနဲ့အမျှ နိုင်ငံပိုင် ပင်လယ်ရေကနေ ဆားချက်တဲ့ စက်ရုံက အလုပ်သမားတွေ အပူဒဏ်ကို အပြင်းအထန် ခံနေကြရပါတယ်။
မြို့တော်ရဲ့ အစွန်အဖျားမှာရှိတဲ့ ဘတ်စ်ရာ ဆားချက်စက်ရုံဟာ ပင်လယ်ရေကို စုစည်းပြီး ဆားထုတ်ဖို့ ကြီးမားတဲ့ အင်တုံတွေကို သုံးပါတယ်။
ဒါဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ အပူချိန်မြင့်မားမှုကနေ အကျိုးကျေးဇူးရစေမယ့် နည်းလမ်းတခုလည်း ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကို ရည်ညွှန်းပြီး တိမ်တိုင်းမှာ ငွေရောင်အနားသတ်တခု ရှိတယ်လို့ စက်ရုံရဲ့ ထုတ်လုပ်မှုမန်နေဂျာ ဟက်ဆမ်အယ်လ်အာခီလီက ပြောပါတယ်။
ပိုပူတဲ့အပူချိန်က ဆားရဲ့အရည်အသွေးကို ပိုကောင်းစေပြီး ပိုမြန်မြန် ထုတ်လုပ်နိုင်စေတယ်လို့ သူက ဆက်ပြောပါတယ်။
ကုမ္ပဏီက နှစ်စဉ် ဆားတန်ချိန် ၃ သိန်းခွဲလောက် ထုတ်လုပ်တယ်လို့ စက်ရုံမှာရှိတဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူ အဘာဒီက ပြောပါတယ်။
ရေနံလုပ်ငန်းမှာ ရေနံကောင်းကောင်း ထုတ်ယူဖို့၊ အစားအစာအဆင့် ထုတ်လုပ်ရေး၊ ရေသန့်စင်ဆေးပြားတွေနဲ့ ဆပ်ပြာထုတ်လုပ်ရေးတို့အတွက် အပါအဝင် ဆားတွေကို အမျိုးမျိုးသုံးဖို့ အီရတ်နိုင်ငံတဝန်း ဖြန့်ဖြူးတယ်လို့ အဘာဒီက ပြောပါတယ်။
ရာသီဥတုပြောင်းလဲမှုရဲ့ ကျယ်ပြန့်တဲ့ သက်ရောက်မှုတွေနဲ့ နှိုင်းယှဉ်ရင် ပိုမြင့်မားတဲ့ အပူချိန်ကြောင့် စက်မှုလုပ်ငန်း အသေးလေးကနေ တော်ရုံသင့်ရုံ အကျိုးကျေးဇူးတွေ ရနေတာသာ ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။
ဘတ်စ်ရာတက္ကသိုလ် ပါမောက္ခ မစ်ရှ်တဂ်အီဒန်က “ပျက်စီးမှုကို တချို့စက်မှုလုပ်ငန်းရဲ့ တစိတ်တပိုင်းနဲ့ ရိုးရှင်းတဲ့ အကျိုးကျေးဇူးတွေနဲ့ နှိုင်းယှဉ်တဲအခါ ဒါဟာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပျက်စီးသွားတဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ မမျှတတဲ့ နှိုင်းယှဉ်မှုပါပဲ” လို့ ပြောပါတယ်။
ရေရှားပါးမှု၊ မိုးခေါင်မှုနဲ့ အပူချိန်လွန်ကဲမှုတို့ကို ကိုးကားပြီး ကမ္ဘာတဝန်းမှာ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အခံရဆုံးနိုင်ငံတွေထဲမှာ အီရတ်ကို ကုလသမဂ္ဂက ထည့်သွင်းထားပါတယ်။
Source: Reuters