DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်‌ ဒူးရင်းသီး ဈေးကောင်းမရ
DVB
·
May 26, 2025
မြိတ်မြို့တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်‌ ဒူးရင်းသီး ဈေးကောင်းမရ
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် အရင်နှစ်လောက် ဒူးရင်သီး ဈေးကောင်းမရဘူးလို့ ဒူးရင်းသီးရောင်းဝယ်လုပ်ကိုင်သူတွေက ပြောပါတယ်။

ရာသီပေါ် ဒူးရင်းသီးကြွေချိန်ဖြစ်တဲ့ ဧပြီလကစပြီး ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ပြီး ဒူးရင်းသီး ရောင်းချနေသူတွေမှာ တခြားဒေသကို မတင်ပို့နိုင်တော့ဘူးလို့ ဒူးရင်းသီး ရောင်းဝယ်လုပ်ကိုင်သူတွေက ပြောပါတယ်။

မြိတ်မှာ ဒူးရင်းသီးရောင်းဝယ်လုပ်ကိုင်နေသူတယောက်က “ကားလမ်းက သင်္ကြန်ပြီးကတည်းက မကောင်းတာ။ ခုပြန်ဖွင့်နေတာ ဆယ်ရက်လောက်ရှိပြီ။ ဒါပေမဲ့ လမ်းမှာ တခုခုဖြစ်ရင် တာဝန်ယူပေးမှ ကုန်သည်တွေက လက်ခံတာပါ။ အဲဒါကြောင့် မတင်ပေးကြတော့ဘူး” လို့ ပြောပါတယ်။

ကားလမ်းအခြေအနေပေါ် မူတည်ပြီး တချို့ဒူးရင်းသီးရောင်းဝယ်လုပ်ကိုင်နေသူတွေက TOWNACE ကားအမျိုးအစားကို ကျပ် ၁၂ သိန်းနဲ့ငှားပြီး တခြားဒေသတွေဆီ ဒူးရင်းသီး ပို့ဆောင်နေတယ်လို့ လိုက်ထရပ်ကားနဲ့ တခြားဒေသကို တင်ပို့နေသူတယောက်က ပြောပါတယ်။

အခုလို တခြားဒေသကို တင်ပို့ရာမှာ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် မြိတ်မြို့မှာ ဒူးရင်းသီးများလာပြီး အရင်နှစ်ထက် ဈေးကောင်းမရတော့ဘူးလို့ ဒူးရင်းသီး ရောင်းဝယ်လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ နှစ်က ဒူးရင်းသီးတလုံး အနိမ့်ဆုံးဈေး ၅,၀၀၀ တန်ကို ဒီနှစ်မှာ ၃,၀၀၀ လောက်ပဲ ရှိတော့တယ်လို့ ဒူးရင်းသီးရောင်းဝယ်နေသူတွေက ပြောပါတယ်။

မြိတ်မြို့ကနေ ရောင်းချနေတဲ့ ဒူးရင်းသီးအများစုဟာ ကျွန်းစုမြို့နယ်၊ ကတန်ကျွန်းပေါ်က ဥယျာဥ်ခြံတွေဆီက ထွက်ပြီး ဧပြီလမှာ ပထမဆုံးကြွေတဲ့ ဒူးရင်းသီးတလုံးကို ကျပ်ငွေ ၅၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဈေးကောင်းရတယ်လို့ ဥယျာဥ်ခြံ  လုပ်ကိုင်နေသူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013