DVB Logo
Home
နိုင်ငံတကာ
ကနေဒါလွှတ်တော်ကို ချားစ်ဘုရင် တက်ရောက်ဖွင့်လှစ်မည်
DVB
·
May 26, 2025
ကနေဒါလွှတ်တော်ကို ချားစ်ဘုရင် တက်ရောက်ဖွင့်လှစ်မည်
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ရဲ့ ၅၁ ပြည်နယ်မြောက်အဖြစ် သွတ်သွင်းချင်တယ်လို့ ခြိမ်းခြောက်ထားတဲ့ ကနေဒါနိုင်ငံကို  နိုင်ငံ့ဥသျှောင်ဖြစ်တဲ့ ချားစ်ဘုရင်က မေ ၂၆ ရက်မှာ သွားရောက်ခဲ့ပါတယ်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးရဲ့ ဖိတ်ကြားချက်အရ ချားစ်ဘုရင်ဟာ မေ ၂၇ ရက်မှာ ကျင်းပမယ့် လွှတ်တော်ကို တက်ရောက်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ ၆၈ နှစ်တုန်းက မိခင်ဖြစ်သူ အဲလိဇဘက်ဘုရင်မကြီး ကြွရောက်ဖွင့်လှစ်မှုနောက်ပိုင်း ပထမဆုံးအကြိမ် ဗြိတိန်ဘုရင်တပါးရဲ့ တက်ရောက်မှုလည်း ဖြစ်ပါတယ်။

ကနေဒါနိုင်ငံဟာ အပြည့်အဝ အချုပ်အခြာအာဏာပိုင်မှုကို ဗြိတိန်ထံကနေ ပြန်လည်လက်လွှဲယူထားပြီး ဖြစ်ပေမဲ့ ဗြိတိန်ဘုရင်ကို နိုင်ငံ့ဥသျှောင်အဖြစ် ဒီနေ့အထိ သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဘုရင်ခံချုပ်လည်း ရှိပေမဲ့ ကနေဒါဝန်ကြီးချုပ်ကသာ အစိုးရတာဝန်အရပ်ရပ်ကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

သက်တော် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ချားစ်ဘုရင်ဟာ ကင်ဆာကုသမှု ခံယူနေတာကြောင့် လုပ်ငန်းတာဝန်လျှော့ချထားပေမဲ့ ၂ ရက်ကြာ ဒီခရီးစဉ်ကို လာရောက်ခဲ့ပြီး ကနေဒါအပေါ် ထားရှိတဲ့ သူ့ရပ်တည်ချက်ကို ပြသခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်ထီးနန်းဟာ လက်ရှိအချိန်အထိ နိုင်ငံပေါင်း ၁၅ နိုင်ငံရဲ့ နိုင်ငံ့ဥသျှောင်အဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ကနေဒါကို အမေရိကန်ထဲ သွတ်သွင်းလိုတဲ့ သဘောထားကို အကြိမ်ကြိမ် ဖော်ပြခဲ့သလို မကြာသေးမီကမှ ရွေးကောက်ပွဲနိုင်ထားတဲ့ ဝန်ကြီးချုပ် ကာနေးကလည်း ဒီရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူဖြစ်ပါတယ်။

ချားစ်ဘုရင်ကလည်း  ကနေဒါတံဆိပ်တွေ ဆင်ယင်ပြီး ကိုယ့်ကိုယ်ကိုယ် ကနေဒါဘုရင်အဖြစ် သုံးနှုန်းတာ၊ ကနေဒါအလံဟာ “ဂုဏ်ယူမှုနဲ့ လေးစားမှုကို ဖော်ကျူးဖို့ ဘယ်တော့မှ မပျက်ကွက်တဲ့ သင်္ကေတဖြစ်တယ်” လို့ ပြောဆိုတာတွေနဲ့ ကနေဒါဘက်က ရပ်တည်ကြောင်း ပြသခဲ့ပါတယ်။

ဒါပေမဲ့ တဖက်မှာလည်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ထရမ့်ပ်နဲ့ ကုန်သွယ်ရေးမှာရော၊ ယူကရိန်းကိစ္စမှာပါ အဆင်ပြေအောင် ဆက်ဆံနေရတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013