DVB Logo
Home
မြန်မာသတင်း
ဘောလခဲ ရေနီပေါက်ကာကင်းစခန်းကို တော်လှန်ရေးအင်အားစုသိမ်းပိုက်
DVB
·
May 26, 2025
ဘောလခဲ ရေနီပေါက်ကာကင်းစခန်းကို တော်လှန်ရေးအင်အားစုသိမ်းပိုက်
Donate to DVB

ကရင်နီ(ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်၊ ခမရ ၄၂၉ တပ်ရင်းရဲ့ ကာကင်းစခန်းဖြစ်တဲ့ ရေနီပေါက်ကာကင်းကို တော်လှန်ရေးအင်အားစုတွေက မေ ၂၂ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

မေ ၂၂ ရက် မနက်အစောပိုင်း ၅ နာရီလောက်မှာ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

KA စစ်ရေးချုပ် ဗိုလ်မှူးဘုန်းနိုင်က “ခမရ ၄၂၉ နဲ့နီးတဲ့ ရေနီပေါက်ပေါ့။ အဲဒီမှာ စခန်းဝင်သိမ်းတယ်။ သူတို့ဘက်က ၂၀ လောက် သေတယ်လေ၊ ဒဏ်ရာရသူလည်း ရှိမှာပေါ့။ လက်နက်ပစ္စည်းလည်း သိမ်းရပါတယ်။ အရေအတွက် အများကြီးတော့ မဟုတ်ဘူးပေါ့။ ကျန်တဲ့သူတွေက စခန်းကြီးထဲ ဆုတ်ဝင်မယ်ထင်တယ်”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ လောက်ရဲ့ အလောင်းတွေ တွေ့ရှိခဲ့ပြီး ဒဏ်ရာရသူတွေက ခမရ ၄၂၉ အတွင်းထဲ ထွက်ပြေးသွားတာဖြစ်မယ်လို့ ပြောပါတယ်။

စခန်းသိမ်းချိန် စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ကနေ ၇ ကြိမ် ကြဲချကာ တကြိမ်ကို ဗုံး ၃ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့ပြီး စက်လက်နဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ဆိုပါတယ်။

ခုလက်ရှိ ဘောလခဲမှာ စစ်ကောင်စီတပ်ရဲ့ ခမရ ၄၂၉၊ ခမရ ၄၃၀၊ ၃၃၇ နဲ့ ခလရ ၁၂ တို့ပဲ ကျန်ရှိနေပါတယ်။

စခန်းသိမ်းချိန် အမှတ် ၁၁၀၈ တပ်ရင်း၊ ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်က ရဲဘော် မင်းဇော်နဲ့ ရဲဘော် စိုးနေလင်းဦး တို့ ကျဆုံးခဲ့ရတယ်လို့ မေလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013