DVB Logo
Home
နိုင်ငံတကာ
ဥရောပသမဂ္ဂနှင့် Apple တို့ကို  အခွန်နှုန်းထားသစ် တိုးကောက်မည်ဟု  ထရမ့်ပ် ခြိမ်းခြောက်
DVB
·
May 24, 2025
ဥရောပသမဂ္ဂနှင့် Apple တို့ကို  အခွန်နှုန်းထားသစ် တိုးကောက်မည်ဟု  ထရမ့်ပ် ခြိမ်းခြောက်
Donate to DVB

ဥရောပသမဂ္ဂကို ဇွန် ၁ ရက်ကစတင်ကာ ပြည်ပသွင်းကုန်တင်ပို့မှု ၅၀ ရာခိုင်နှုန်း  တိုးမြှင့်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီး iPhones ဝယ်ယူတဲ့ အမေရိကန်က အသုံးပြုသူတွေကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတိပေးခဲ့ပါတယ်။

အိမ်ဖြူတော်နဲ့ ဆွေးနွေးမှုဟာ လုံလောက်တဲ့ အနေအထားမရောက်တာကြောင့် ထရမ့်ပ်က ဥရောပသမဂ္ဂကို အခွန်တိုးကောက်မှုကို ဆက်လုပ်မှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ ထရမ့်ပ်ရဲ့ ကုန်သွယ်ရေး စစ်ရပ်ဆိုင်းမှု ပြန်လည်စတင်မှုတွေဟာ ဈေးကွက်၊ စီးပွာရေးနဲ့ သုံးစွဲသူတွေကို လှုပ်ခတ်မှုဖြစ်စေပြီး ကမ္ဘာ့စီးပွားရေး အကျဘက်ကို ရောက်လာမဲ့ စိုးရိမ်မှုတွေ လည်း မြင့်တက်ခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ ကားကုမ္ပဏီတွေ၊ ဆေးဝါးကုမ္ပဏီတွေနဲ့ ချစ်ပြားထုတ်လုပ်သူတွေနဲ့ Apple ကုမ္ပဏီ တို့ကို ပြည်တွင်းမှာ ထုတ်လုပ်မှုတွေပြုလုပ်ဖို့ ဖိအားပေးမှုတွေ နောက်ဆုံး ပြုလုပ်ခဲ့ပါတယ်။ 

ဒါပေမဲ့ အမေရိကန်နိုင်ငံဟာ စမတ်ဖုန်းထုတ်လုပ်မှု အများအပြား မရှိပေမဲ့ အမေရိကန်ရှိ ဖုန်းသုံးစွဲသူတွေဟာ ၁ နှစ်ကို သန်း ၆၀ ကျော်ရှိပါတယ်။ 

iPhones ထုတ်လုပ်မှုတွေကို နေရာပြောင်းလဲပြီး ထုတ်လုပ်ပါက ဈေးပိုတက်လာဖွယ်ရှိပါတယ်။

ထရမ့်ပ်က Apple ကို အခွန်တိုးကောက်မယ်လို့ ပြောဆိုခဲ့တာက Samsung အပါအဝင် အခြား ဖုန်းထုတ်လုပ်သူတွေကိုလည်း အခွန်တိုးကောက်မှာဖြစ်ပါတယ်။

ထရမ့်ပ်က ဥရောပသမဂ္ဂဟာ အမေရိကန်အပေါ် ဆက်ဆံပုံ ဆိုးရွားကြောင်းနဲ့ ဥရောပကို အမေရိကန် ကားရောင်းချမှုကိုလည်း ကန့်သတ်မှုတွေ လုပ်ခဲ့ကြောင်း ထပ်မံ ပြောကြားခဲ့ပါတယ်။ 

“ကျနော်ပြောနိုင်တာက ဘယ်လိုကစားရမလဲဆိုတာ ကျနော်သိတဲ့ပုံစံနဲ့ ကစားဖို့ အချိန်ရောက် ပါပြီ” လို့ ထရမ့်ပ်က ပြောပါတယ်။ 

ဥရောပသမဂ္ဂကတော့ အခွန်ခြိမ်းခြောက်မှုအသစ်ကို မှတ်ချက်ပေးဖို့ မေ ၂၃ ရက်က ငြင်းဆို ထားပါတယ်။ 

ဥရောပသမဂ္ဂက အီးယူကုန်သွယ်မှု အကြီးအကဲ မာရို့စ်ဆီဖ်ကိုဗစ်နဲ့ အမေရိကန်တာဝန်ရှိသူ ဂျာမီဆန်ဂါးတို့ ဖုန်းနဲ့ ဆွေးနွေးမှုကို စောင့်ဆိုင်းနေတဲ့အကြောင်း အကြောင်း ပြန်ထားပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013