DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေး စစ်တပ်က ဆောင်ရွက်ပေးရမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
May 24, 2025
ရွေးကောက်ပွဲကျင်းပနိုင်ရေးနှင့် တည်ငြိမ်အေးချမ်းရေး စစ်တပ်က ဆောင်ရွက်ပေးရမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

အာဏာသိမ်းစစ် ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က  စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အာမခံအနေနဲ့ ဆောင်ရွက်ပေးရမယ်လို့ ပြောပါတယ်။

မေ ၂၃ ရက်က တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ကျိုင်းတုံတပ်နယ်မှာ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ ဆုံတာမှာ အခုလို ပြောခဲ့တာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်ကို တာဝန်ယူခဲ့တာကြောင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ သန့်ရှင်းတဲ့ ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဆန္ဒမဲပေးတာမှာ အီလက်ထရောနစ်မဲပေးတဲ့စနစ်နဲ့ မဲပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တပ်မတော်အနေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အာမခံ ဆောင်ရွက်ပေးရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးချိန်မှာလည်း ပြည်ထောင်စုအဆင့်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေ ခေါ်ယူရေး လွှတ်တော်အထမြောက်အောင် ဆောင်ရွက်သွားရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ရွေးကောက်ပွဲကို ဒီဇင်ဘာလ တတိယအပတ်နဲ့ စတုတ္ထအပတ်၊ ဇန်နဝါရီလ ပထမအပတ်နဲ့ ဒုတိယအပတ်အတွင်း ပြုလုပ်မယ်ဆိုတာကို ပြည်ပခရီးစဉ်တွေမှာ စစ်ခေါင်းဆောင်က ပြောဆိုထားခဲ့ပြီး မဲများသူအနိုင်ရတဲ့စနစ် (FPTP) အပြင် အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တို့မှာ PR စနစ်ကို ပေါင်းစပ်ကျင့်သုံးဖို့ လျာထားတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013