DVB Logo
Home
မြန်မာသတင်း
အငြိမ်းစားဗိုလ်မှူးချုပ် ပစ်ခတ်ခံရသည့်ကိစ္စ တိုင်းဦးစီးချုပ်ကို စစ်ဆေး
DVB
·
May 24, 2025
အငြိမ်းစားဗိုလ်မှူးချုပ် ပစ်ခတ်ခံရသည့်ကိစ္စ တိုင်းဦးစီးချုပ်ကို စစ်ဆေး
Donate to DVB

စစ်ကောင်စီ ဒု ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရန်ကုန်ရောက်နေချိန် သန်လျင်မှာ ဗုံးပေါက်ကွဲတာ၊ အငြိမ်းစားဗိုလ်မှူးချုပ်တယောက် ပစ်ခတ်ခံရတာတို့ကြောင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးကြီးသက်ပိုင်ဇော် ခေါ်ယူစစ်ဆေးခံရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သန်လျင်တံတားနားမှာ ဗုံးပေါက်ပြီးနောက် ရန်ကုန်တိုင်းအတွင်း လုံခြုံရေးတိုးမြှင့်ထားဖို့ သတိပေးထားတဲ့ကြားက အငြိမ်းစားသံအမတ် ဗိုလ်မှူးချုပ်(ငြိမ်း)ချိုထွန်းအောင် ပစ်သတ်ခံရတာကြောင့် ခေါ်ယူစစ်ဆေးတာဖြစ်တယ်လို့ မင်္ဂလာဒုံပ်နယ်နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“လုံခြုံရေးတိုးမြှင့်ဖို့ အစည်းအဝေးလုပ်ပြီးမှ ဗိုလ်မှူးချုပ်(ငြိမ်း)အဆင့် အပစ်ခံရတာဆိုတော့ခေါ်ပြီး စစ်ဆေးတာ သတိပေးခံဝန်ထိုးဖို့၊ တိုင်းဦးစီးချုပ်ပြီးရင် ဒုတိုင်းမှူးအလှည့်၊ ဗိုလ်မှူးချုပ် ချိုထွန်းအောင် အပစ်ခံရတဲ့ကိစ္စ အငြိမ်းစားဗိုလ်ချုပ်တွေကြားမှာ အတော်လေးဂယက်ရိုက်သွားတာ” လို့ ပြောပါတယ်။

လတ်တလောမှာ ဒုတိုင်းမှူး ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက တာဝန်ယူထားတယ်လို့ သူက ရှင်းပြပါတယ်။

မေ ၂၂ ရက်က မရမ်းကုန်းမြို့နယ်၊ A1 လမ်းမမှာနေထိုင်တဲ့ ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို Golden Valley Warriors အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး မေ ၂၄ ရက် ဒီနေ့လယ်မှာ မင်္ဂလာဒုံ စစ်ဆေးရုံ ငြိမ်းအေးဇရပ်ကို ပို့ဆောင် သင်္ဂြိုလ်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်ကလည်း အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်နဲ့သားမက်ဖြစ်သူ ဗိုလ်ကြီးရဲတေဇ ကို ရန်ကုန်က မြို့ပြပျောက်ကျားအဖွဲ့တခုက ပစ်ခတ်လို့ သေဆုံးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့မှာ တိုက်ပွဲတွေမရှိပေမယ့် မြိုပြပြောက်ကျား PDF အဖွဲ့တွေက စစ်ကောင်စီတပ်ဘက်က အငြိမ်စား ဗိုလ်မှူးချုပ် ၂ ယောက်၊ ဒုဗိုလ်မှူးကြီး ၂ ယောက်နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်မှူး ၃ ယောက်၊ ဗိုလ်ကြီး ၅ ယောက်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013