DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယား စစ်သင်္ဘော ရေချချိန် မတော်တဆမှုကို စုံစမ်းစစ်ဆေးရေး စတင်
DVB
·
May 23, 2025
မြောက်ကိုရီးယား စစ်သင်္ဘော ရေချချိန် မတော်တဆမှုကို စုံစမ်းစစ်ဆေးရေး စတင်
Donate to DVB

မြောက်ကိုရီးယားဟာ အခုသီတင်းပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ စစ်သင်္ဘောသစ် ရေချပွဲက မတော်တဆဖြစ်ရပ်နဲ့ ပတ်သက်ပြီး အလုံးစုံ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA မှာ မေ ၂၃ ရက်က သတင်းဖော်ပြပါတယ်။ 

မေ ၂၁ ရက်က နိုင်ငံအရှေ့မြောက်ပိုင်းရှိ ချုံးဂျင်းသင်္ဘောကျင်းမှာ တန်ချိန် ၅၀၀၀ ရှိ ဖျက်သင်္ဘောကို ရေထဲ စတင်ချနေချိန်မှာ မတော်တဆ ဟန်ချက်ပျက်သွားပြီး စစ်သင်္ဘောရဲ့  အောက်ခြေအပိုင်းတွေ ကြေမွသွားတာကြောင့်ဖြစ်ကြောင်း ဖြောင်းယန်း(ပြုံယမ်း) က ပြောကြားခဲ့ပါတယ်။ 

အတွင်းပိုင်း စစ်ဆေးရေးအရတော့ စစ်သင်္ဘောရဲ့အောက်ခြေမှာ ဘာအပေါက်တွေမှ မတွေ့ရပေမဲ့ သင်္ဘောရဲ့ ကိုယ်ထည် ညာဘက်ခြမ်းမှာ ခြစ်ရာတွေ တွေ့ရကြောင်းနဲ့ ပင်လယ်ရေဟာ ကယ်ဆယ်ရေးလမ်းကြောင်းမှတဆင့် ပဲ့ပိုင်းကို စီးဝင်လာတယ်လို့ ဆိုပါတယ်။ 

အပျက်အစီး အတိုင်းအတာကတော့ မစိုးရိမ်ရကြောင်းနဲ့ မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေကို ရှာဖွေဖို့ ညွှန်ကြားထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

အဲဒီမတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ဒါမှမဟုတ် သေဆုံးသူ မရှိကြောင်း၊ မတော်တဆမှုမှာ တာဝန်ရှိသူတွေကို ဖမ်းဆီးအရေးယူမှုတွေ စတင်ဆောင်ရွက်နေတာကြောင့် ချုံးဂျင်း သင်္ဘောကျင်းမှ မန်နေဂျာ ဟုံကီးလ်ဟို ကို မေ ၂၂ ရက်က တရားဥပဒေစိုးမိုးရေးအဖွဲ့ဆီကို ဆင့်ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013