DVB Logo
Home
အားကစား
ဗိုလ်လုပွဲ ရှုံးနိမ့်မှုကြောင့် ပေါင်သန်း ၁၆၀ ခန့်ရရှိနိုင်မည့် အခွင့်အရေး မန်ယူအသင်း မရတော့
DVB
·
May 23, 2025
ဗိုလ်လုပွဲ ရှုံးနိမ့်မှုကြောင့် ပေါင်သန်း ၁၆၀ ခန့်ရရှိနိုင်မည့် အခွင့်အရေး မန်ယူအသင်း မရတော့
Donate to DVB

မန်ချက်စတာယူအသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ပေါင်သန်း ၁၆၀ ခန့် ဝင်ငွေရရှိနိုင်မယ့် အခွင့်အရေးကောင်းကို လက်လွှတ်ခဲ့ရပါတယ်။

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရရှိမယ်ဆိုရင် ဆုကြေး  ပေါင် ၁၁ သန်းနီးပါးရရှိမှာဖြစ်ပေမဲ့ ဒုတိယသာရခဲ့လို ပေါင် ၅ ဒသမ ၉သန်းသာရရှိခဲ့ပါတယ်။

ဒါ့အပြင်  ဥရောပစူပါဖလား ကစားခွင့်နဲ့လည်း လွဲချော်ခဲ့တာက ပေါင် ၅ သန်းနီးပါးရရှိနိုင်မယ့် အခွင့်အရေးဆုံးရူံးခဲ့ရသလို စပွန်ဆာစာချုပ်တွေနဲ့ ချန်ပီယံ လိဂ်ဝင်ခွင့်ရမယ်ဆိုရင် ရရှိလာမယ့် ဝင်ငွေအရပ်ရပ်ကို တွက်ချက်ကြည့်မယ်ဆိုရင် စုစုပေါင်း ပေါင်သန်း ၁၆၀ လောက် နစ်နာခဲ့ရတာပါ။

ယူနိုက်တက်အသင်းရဲ့ ရှယ်ယာဈေးနူန်းတွေဟာလည်း  ၇ ရာခိုင်နူန်းခန့်ကျဆင်းခဲ့ကြောင်း  Finacial Times မှာဖော်ပြပါတယ်။

တခြားတဖက်မှာတော့ ချန်ပီယံဖြစ်ခဲ့တဲ့ စပါးအသင်းက ဗိုလ်လုပွဲနိုင်ကြေး  စတာလင်ပေါင် ၁၁ သန်းလောက် ရရှိခဲ့သလို ဥရောပ စူပါဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကစားခွင့်ရမှာကနေ ပေါင်သန်း ၁၆၀ လောက်  ရရှိနိုင်မှာဖြစ်ပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013