DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ ပလက်တိုနှင့် မော်ခီးစခန်းတို့ကို KTLA ပူးပေါင်းတပ်များ တိုက်ခိုက်
DVB
·
May 22, 2025
စစ်ကောင်စီ ပလက်တိုနှင့် မော်ခီးစခန်းတို့ကို KTLA ပူးပေါင်းတပ်များ တိုက်ခိုက်
Donate to DVB

ထိုင်း- မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် စစ်ကောင်စီရဲ့ ပလက်တိုနဲ့ မော်ခီးစခန်းတို့ကို ဗိုလ်ချုပ် စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေအာမီ (KTLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဖြစ်ပွားနေပါတယ်။

မေ ၂၁ ရက် မနက် ၇ နာရီလောက်က စတင်ပြီး KTLA ပူးပေါင်းတပ်တွေက ဒရုန်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့ညနေပိုင်းကလည်း ပလက်တိုမှာလည်း ဆွဲလိုက်သေးတယ်။ ဒါပေမဲ့ ဒီနေ့လယ်လောက် ကျမလားတော့ မပြောတတ်သေးဘူး။ အဲဒါတော့ သေချာပဲ။  ပြီးတော့ မော်ခီးမှာလည်း ကိုင်သေးတယ်။ မော်ခီးတော့ မကျသေးဘူး။ အခုတော့ သူများနည်းနည်းလေး နောက်ဆုတ်ခွာတာပဲ ရှိသေးတယ်။ အဲဒါ ပြန်တော့ ပြန်ဆွဲ(ပြန်တိုက်)မှာပါ။”

နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၂၀၀ လောက်ဟာ ထိုင်းနိုင်ငံဘက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

KPSN ပြောရေးဆိုခွင့်ရှိသူ နော်ချယ်ရီက “အရင်နေထိုင်တုန်းက ပြည်သူလူထုတွေ နေထိုင်တဲ့ရွာမှာဆိုရင် ဒရုန်းတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိတဲ့အတွက်ကြောင့်မို့လို့ စိုက်ထားတဲ့ ရာဘာခြံတွေ လယ်ယာစိုက်ခင်းတွေ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးတာတွေ အများကြီးရှိတယ်။ အမှန်တကယ်ဆိုရင် တိုက်ပွဲမဖြစ်တဲ့နေရာတွေမှာလည်း အများကြီး ထိခိုက်မှုတွေရှိတယ်” လို့ ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်၊ ဒေါနတောင် အရှေ့ခြမ်း ထိုင်းနယ်စပ်တလျှောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူး၊ တာလယ်ဗျူဟာ၊ မယ်လ၊ မော်ဖိုးကေစခန်းတွေကို KNU တပ်မဟာ (၇)  လက်အောက်ခံ ပူးပေါင်းတပ်တွေက သိမ်းယူပြီးဖြစ်တယ်လို့ သိရပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013