DVB Logo
Home
Lead Story
KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြကို ထိုင်းစစ်တပ်က ခေါ်ယူစစ်ဆေး
DVB
·
July 2, 2026
KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြကို ထိုင်းစစ်တပ်က ခေါ်ယူစစ်ဆေး
Donate to DVB

ကော်သူးလေတပ်တော် (KTLA) စစ်ဦးစီးချုပ် စောနယ်ဒါးမြကို မော်တာလေယာဉ် သယ်ဆောင်မှုနဲ့ပတ်သက်ပြီး ထိုင်းစစ်တပ်က ခေါ်ယူစစ်ဆေးခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်ကနေ သိရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဥကရစ်ခီးရဲ့ တဖက်ကမ်း ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်ထဲမှာ မော်တာလေယာဉ် သယ်ဆောင်လာတာကို ဇွန် ၂၈ ရက်မှာ ထိုင်းစစ်တပ်က စစ်ဆေးတွေ့ရှိခဲ့တာပါ။

ဒီလိုတွေ့ရှိချက်အရ သယ်ဆောင်လာသူတွေအပြင် ပတ်သက်ဆက်နွှယ်မှုရှိတဲ့ KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြကိုပါ ထိုင်းစစ်တပ်က ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

မော်တာလေယာဉ် ၂ စင်းကို ထိုင်းနိုင်ငံ မြို့ကြီးတမြို့ဘက်ကနေ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကို ဖြတ်ပြီး အုန်းဖန်မြို့ဘက်ကို သယ်ဆောင်လာတဲ့အချိန်မှာပဲ ထိုင်းစစ်တပ် စခန်းချရာနေရာမှာ ဖမ်းဆီးမိခဲ့တာပါ။

လေယာဉ်သယ်လာတဲ့ ကုမ္ပဏီကို မေးမြန်းကြည့်တဲ့အခါမှာတော့ နယ်စပ်မှာ လာရောက်ပျံသန်းဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မော်တာလေယာဉ်ကို ခရီးသည်စီးဖို့အတွက် ငှားရမ်းမယ်ဆိုရင် တနာရီကို ဘတ် ၄,၅၀၀ နှုန်း ကျသင့်ပါတယ်။

အခုလို နယ်စပ်မြို့တွေမှာတော့ အမျိုးသားလုံခြုံရေး တင်းကျပ်ထားတာကြောင့် ဒရုန်းနဲ့ မော်တာလေယာဉ်တွေကို သေသေချာချာ ကိုင်တွယ်စစ်ဆေးနေတာပါ။

ဒါကြောင့် KTLA စစ်ဦးစီးချုပ်နဲ့ ပတ်သက်မှုရှိနေတဲ့ ဒီမော်တာလေယာဉ် ၂ စင်းကို ထိုင်းစစ်တပ်က သိမ်းဆည်းပြီး ဆက်လက်စစ်ဆေးနေပါတယ်။

KTLA စစ်ဦးစီးချုပ် စောနယ်ဒါးမြကိုတော့ ညတွင်းချင်း စစ်ဆေးပြီးတာနဲ့ ပြန်လွှတ်ပေးလိုက်ပြီလို့ သိရပါတယ်။

ဗိုလ်ချုပ် စောနယ်ဒါးမြဟာ စက်တပ်လေထီးနဲ့ တိုက်ပွဲဝင်နိုင်ဖို့ ၂၀၂၅ နိုဝင်ဘာ နောက်ဆုံးအပတ်က စက်တပ်လေထီး မောင်းနှင်ပြသခဲ့ဖူးပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNDO  စစ်ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်စောနယ်ဒါးမြဟာ ၂၀၂၂ ခု ဇူလိုင်လမှာ  KNU က ခွဲထွက်ပြီး ကော်သူးလေတပ်မတော် (KTLA) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ်တနေရာမှာ ကော်သူးလေတပ်တော် (KTLA) နယ်မြေကို လွတ်လပ်ရေး ကြေညာပြီး ကော်သူးလေသမ္မတနိုင်ငံအဖြစ် နိုင်ငံသစ်တည်ထောင်ကြောင်း ၇၈ ကြိမ်မြောက် ကရင်အမျိုးသားလွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ ကော်သူးလေအစိုးရအဖွဲ့ ဖွဲ့စည်းရာမှာ ဗိုလ်ချုပ်စောနယ်ဒါးမြက သမ္မတအဖြစ် တာဝန်ယူထား ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013