
ယူရိုပါလိဂ်ဗိုလ်လုပွဲကို စပိန်နိုင်ငံအထိ လိုက်ပါကြည့်ရှုအားပေးကြတဲ့ မန်ယူအသင်းနဲ့ စပါးပရိသတ်တွေဟာ ဗိုလ်လုပွဲမတိုင်ခင် ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
မန်ယူနဲ့ စပါးပရိသတ်စုစုပေါင်း ၈၀,၀၀၀ လောက်ဟာ ဗိုလ်လုပွဲကျင်းပမယ့် စပိန်နိုင်ငံကို ရောက်ရှိနေကြတာပါ။
ပွဲကျင်းပမယ့် ဘီလ်ဘာအိုမြို့နဲ့ ၄၈ မိုင်အကွာက ဆန်ဆီဘက်စ်တီယန်မြို့မှာ မန်ယူနဲ့ စပါးအသင်းပရိသတ်တွေကို ခိုက်ရန်ဖြစ်ပွားနေကြတဲ့ ရုပ်သံဗီဒီယိုဖိုင်တစ်ခုက လူမူကွန်ယက်မှာ ပျံ့နှံ့လာခဲ့တာပါ။
စပိန်သတင်းစာဗစ်စ်ကိုရဲ့ ဖော်ပြချက်အရ ဒေသစံချိန်တော် ည ၉ နာရီ မိနစ် ၂၀ လောက်မှာ ပရိသတ်အုပ်စု ၂ခု အကြားမှာ အပြန်အလှန် အော်ဟစ်ဆဲဆိုကြတာ ကနေစတင်ပြီး အပြန်အလှန် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့ကြပါတယ်။
ဒါ့အပြင်စားသောက်ဆိုင်ထဲက ခုံတွေ၊ အရာဝတ္ထုတွေနဲ့လည်း အပြန်အလှန်ပစ်ပေါက်ခဲ့ပြီး စပိန်ဒေသခံရဲတပ်ဖွဲ့က လာရောက် ဟန့်တားခဲ့ရပါတယ်။
ဗိုလ်လုပွဲရောက် ၂ သင်းဟာ ပရီးမီးယားလိဂ် အဆင့် ၁၆ နဲ့ ၁၇ နေရာတွေမှာ ရပ်တည်နေကြပြီး ဒီပွဲမှာ ချန်ပီယံဖြစ်တဲ့အသင်းက ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်လို့ အရေးပါတဲ့ ဗိုလ်လုပွဲအဖြစ် သတ်မှတ်ထားကြပါတယ်။