
ထိုင်ဝမ်ဟာ ကမ္ဘာ့ဉာဏ်ရည်တု AI တော်လှန်ရေးကို တွန်းအားပေးဖို့ မျှော်လင့်ထားတယ်လို့ မေ ၁၉ ရက်မှာ ကျင်းပတဲ့ နှစ်ပတ်လည် နည်းပညာဆိုင်ရာ ထိပ်သီးညီလာခံမှာ တာဝန်ရှိသူတယောက်က ပြောပါတယ်။
မေ ၂၀ ရက်ကနေ ၂၃ ရက်အထိ ကျင်းပမယ့် ကွန်ပျူတက်စ် ညီလာခံမှာ ထိုင်ဝမ်ရဲ့ ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဥက္ကဋ္ဌ ဂျိမ်းစ်ဟွမ်က တပိုင်းလျှပ်ကူးပစ္စည်း ဆီမီးကွန်ဒတ်တာတွေ၊ ဆန်းသစ်တီထွင်မှုနဲ့ အဆင့်မြင့် ကွန်ပျူတာနည်းပညာတွေက ထူးခြားတဲ့ အားသာချက်တွေဟာ AI စွမ်းအင်သုံးတဲ့ခေတ်ကို ပုံဖော်ဖို့ အဆင်သင့်အနေအထားမှာ ရှိတယ်လို့ ပြောပါတယ်။
လေးရက်ကြာပြပွဲမှာ ပြခန်းပေါင်း ၁,၄၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်မှာ ထုတ်လုပ်မှုတိုးမြင့်လာစေဖို့ ကုမ္ပဏီတွေကို တွန်းအားပေး အခွန်တိုးကောက်မယ်လို့ ခြိမ်းခြောက်ခဲ့ပြီးတဲ့နောက် ဒီပြပွဲဟာ အာရှမှာ ပထမဆုံးသော အဓိကစုရုံးမှု ဖြစ်လာခဲ့ပါတယ်။
Source: Reuters