DVB Logo
Home
မြန်မာသတင်း
ငပုတောတွင် PDF သတင်းများ စုံစမ်းပေးရန် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကို ငွေပေးခိုင်းစေ
DVB
·
May 20, 2025
ငပုတောတွင် PDF သတင်းများ စုံစမ်းပေးရန် ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များကို ငွေပေးခိုင်းစေ
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရွေးပေးထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ဆိုသူတွေကို တယောက် ကျပ် ၂၀၄,၀၀၀ ပေးပြီး PDF နဲ့ ဒေသထူးခြားသတင်းတွေကို အဓိကထား စုံစမ်းပေးပို့ကြဖို့ စည်းရုံးခိုင်းတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ငပုတောမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ရွေးချယ်ပေးထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ဆိုသူ အယောက် ၅၀ ကို မနေ့ မေ ၁၉ ရက်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ စစ်ကောင်စီခန့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက တယောက် ကျပ် ၂၀၄,၀၀၀ ထုတ်ပေးပြီး မှာကြားပြောဆို စည်းရုံးခဲ့တာလို့ ဆိုပါတယ်။

ငပုတောမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “PDF သတင်း၊ အခြားထူးခြားဖြစ်စဥ်တွေနဲ့ နယ်မြေသတင်းတွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေဆီ ဆက်သွယ်သတင်းပေးပို့ကြဖို့ အဓိကထားပြီး မြို့နယ်အုပ်ကြီးက ပြောတာ။ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်ဆိုသူ အဖွဲ့ဝင်တွေက ပေးပို့တဲ့ သတင်းအချက်အလက်တွေနဲ့ အုပ်ချုပ်ရေးစနစ်ကို ပိုမိုကောင်းအောင်လုပ်မယ်လို့ ပြောပြီး ငွေပေးတာ” လို့ ပြောပါတယ်။

အဲဒီ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင် ဆိုသူ အများစုဟာ စစ်တပ်ထောက်ခံသူတွေနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေ ဖြစ်ကြပြီး စစ်ကောင်စီတပ်နဲ့ လုံခြုံရေးလုပ်ငန်းတွေမှာ အဓိက ပူးပေါင်းလုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

ငပုတောမြို့နယ်နေ အရပ်သားတယောက်က “သတင်းအမှားတွေကို စစ်ကောင်စီရဲတွေဆီ ပေးပြီး စစ်ကောင်စီတပ်နဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခပေးဖို့ ဖွဲ့လိုက်တဲ့အဖွဲ့ပါ။ ငွေလိုချင်သူတွေနဲ့ သူတို့လက်ဝေခံတွေပဲ ပါတဲ့အဖွဲ့” လို့ ပြောပါတယ်။

လတ်တလော စစ်ကောင်စီက ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဝင်သူတွေကို စစ်ကောင်စီက အပြာရောင်ဝတ်စုံတွေ ပေးဝတ်ထားပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ ကားတွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးခိုင်းပြီး ကင်းလှည့်တဲ့နေရာတွေမှာပါ လုပ်ခိုင်းတာ တွေ့ရတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013