DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ၁၉ ကြိမ်တက်ပြီး စံချိန်တင်သည့် ဗြိတိန်နိုင်ငံသား
DVB
·
May 19, 2025
ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ၁၉ ကြိမ်တက်ပြီး စံချိန်တင်သည့် ဗြိတိန်နိုင်ငံသား
Donate to DVB

အသက် ၅၁ နှစ်အရွယ် ဗြိတိန်တောင်တက်သမား ကန်တန်ကူးလ်ဟာ ဧဝရတ်တောင်ထိပ်အထိ ၁၉ ကြိမ်မြောက် တက်ရောက်ရင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူ့ကိုယ်ပိုင်စံချိန်ကို ချိုးဖျက်လိုက်ပါတယ်။

ဒါဟာ တောင်တက်အထူးကျွမ်းကျင်ပြီး ဟိမ၀န္တာဒေသခံတွေဖြစ်ကြတဲ့ ရှာပါတောင်တက်သမား မဟုတ်သူတွေထဲမှာ အများဆုံးစံချိန်လည်း ဖြစ်ပါတယ်။

ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ နီပေါတောင်တက်သမား ဒေါ်ဂျီဂယ်လ်ဂျန်နဲ့အတူ မစ္စတာကူးလ်က တောင်ထိပ်ကို နောက်တကြိမ် တက်လှမ်းနိုင်ခဲ့တာပါ။

ရှာပါတယောက်ဖြစ်တဲ့ မစ္စတာ ဂယ်လ်ဂျန်ကလည်း ဧဝရတ်တောင်ထိပ်ကို ၂၃ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အမြင့်ပေ ၂၉,၀၀၀ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရတ်တောင်ထိပ်ကို အကြိမ်ရေ ၃၀ နဲ့ အများဆုံး တက်ရောက်နိုင်ခဲ့သူကတော့ နီပေါနိုင်ငံသား ကာမီရီတာ ပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စံချိန်အသစ်ထပ်တင်ဖို့အတွက် ဧ၀ရတ်တောင်ပေါ် ရောက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ်မှာ ဧဝရတ်တောင်ထိပ်ကို ၁၆ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့ပြီးနောက် မစ္စတာကူးလ်က သူ့ရဲ့စံချိန်ဟာ သိပ်မထူး​ခြားကြောင်း မှတ်ချက်ပေးပါတယ်။

မစ္စတာကူးလ်က “ဒီလောက် စိတ်ဝင်စားမှုရနေတာကို တကယ်အံ့သြမိပါတယ်၊ ရှာပါတွေထဲမှာဆိုရင် အကြိမ်ပေါင်းများစွာ တက်ရောက်နိုင်ခဲ့သူတွေ အများကြီးရှိပါတယ်”  လို့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူးပါတယ်။

တခြားတောင်တက်သမားတွေကလည်း ကူးလ်ရဲ့ စံချိန်တင်အောင်မြင်မှုကို ချီးကျူးခဲ့ကြပါတယ်။

အမေရိကန်စွန့်စားသူ အေဒီရီယန် ဘဲလ်လင်ဂျာကတော့ မစ္စတာကူးလ်ဟာ ဆယ်စုနှစ် ၂ ခုစာ တောင်ပေါ်အတွေ့အကြုံတွေကို မျှဝေပေးနိုင်ခဲ့တဲ့ ထူးခြားသူတယောက်ပါ ဆိုပြီး ချီးကျူးသွားပါတယ်။

ကမ္ဘာ့တိုက်ကြီး ၇ တိုက်ရဲ့  အမြင့်ဆုံးတောင်တွေကို တက်ရောက်နိုင်ခဲ့သူတွေထဲမှာ ပါဝင်တဲ့ ဂျော်ဒန်နိုင်ငံသား မိုစတာဖာ ဆာလာမေကလည်း “အံ့ဖွယ်ရာပါပဲ၊ ကင်တန်” လို့ ရေးသားထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013