
အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ပဲလေ့ကို ရှုံးနိမ့်ပြီး ဆုဖလားလက်လွှတ်ခဲ့ရပေမဲ့ နောင်တရစရာ မရှိကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
မန်စီးတီးအသင်းဟာ ပဲလေ့အသင်းကို ၂၀၁၄ အက်ဖ်အေဖလားဗိုလ်လုပွဲနောက်ပိုင်း စံချိန်တင် ဂိုးကန်သွင်းချက် ၂၃ ကြိမ်အထိ ကန်သွင်းခွင့်ရခဲ့ပေမဲ့ ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘဲ ရရှိခဲ့တဲ့ ပင်နယ်တီကန်သွင်းချက်ကိုလည်း မာမွတ်စ်ကလွဲချော်ခဲ့တာပါ။
ချန်ပီယံဖြစ်သွားတဲ့ ပဲလေ့ကို ဂုဏ်ပြုပြီး မိမိတို့အသင်းဘက်က အစွမ်းကုန် ကြိုးပမ်း ကစားခဲ့ပြီးဖြစ်လို့ နောင်တရစရာမရှိကြောင်း၊ ဂိုးကန်သွင်းချက်တွေ များပေမဲ့ ဂိုးမသွင်းနိုင်ရင် အနိုင်ရရှိမှာမဟုတ်ကြောင်း နည်ပြဂွါဒီယိုလာက ပြောပါတယ်။
ဆောက်သမ်တန်နဲ့ လိဂ်ပွဲစဉ်မှာရော ပဲလေ့နဲ့ပွဲမှာပါ ဂိုးကန်သွင်းချက် အကြိမ် ၅၀ လောက်ရရှိခဲ့ပေမဲ့ ၂ ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့တဲ့အပေါ် ဘောလုံးမှာ ဒီလိုအံ့အားသင့်စရာတွေလည်း ဖြစ်လေ့ဖြစ်ထရှိကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။