DVB Logo
Home
မြန်မာသတင်း
ဘိုကလေးတွင် ဓနိချပ်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေ
DVB
·
May 17, 2025
ဘိုကလေးတွင် ဓနိချပ်များ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေ
Donate to DVB

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ ဒေသထွက်ကုန် ဓနိချပ်တွေ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ် ကောင်းမွန်နေတယ်လို့ ဘိုကလေးမြို့နယ်က ဝါး၊ ဓနိ ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဘိုကလေးမြို့နယ်မှာ ဒေသထွက် ဓနိချပ်တွေ အခုမေလ ပထမအပတ်က စတင်လို့ ဒီနေ့အထိ ဒေသထွက် ဝယ်ယူအားကောင်းနေပြီး အရောင်းအဝယ်ကောင်းမွန်နေပြီး လက်ရှိ ဓနိချပ်တွေ တရက်ကို အပျစ်ရေ  ၅၅,၀၀၀ ကေန ၁၅၀,၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒေသခံဝါး၊ ဓနိ ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင်တယောက်က “ဒီဘက်ဒေသထွက်ကုန် ဓနိချပ်တွေကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်ကိုပဲ အဓိကတင်ပို့ရောင်းချနေပါတယ်။ ပြည်တွင်းသုံးမှုအားကောင်းလာလို့အခုလို ဓနိချပ်တွေ ဝယ်လိုအား ကောင်းနေတာကြောင့် အရောင်းအဝယ် ကောင်းနေတာပါ။ လက်ရှိ ဓနိချပ် တော်တော်များများ အရောင်းအဝယ် ဖြစ်နေပါတယ်။ ကုန်ပစ္စည်းများများ တင်ပို့ရောင်းချနေရတာကြောင့် လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေပါ အဆင်ပြေနေပါတယ်” လို့ ပြောပါတယ်။

ဘိုကလေး ဒေသထွက် ဓနိချပ်ရေ ၁၀၀ ကို ကျပ် ၃၅,၅၀၀ အထိ ဈေးပေါက်နေတယ်လို့ သိရပြီး ဓနိတွေကို ငလျင်ဒဏ်သင့်ဒေသတွေနဲ့ မိုးကာလ နေအိမ်တွေ ပြန်လည်တည်ဆောက် ပြုပြင်ဖို့ အဓိကဝယ်ယူနေတာကြောင့် ဝယ်ယူအားအားကောင်းမွန်ပြီး အရောင်းအဝယ်ကောင်းနေတာလို့

ဆိုပါတယ်။

ဓနိထိုးလုပ်သား တယောက်က “ဓနိဈေးက အရင်နှစ်တွေထက် ပိုဈေးကောင်းရနေတယ်။ အခုနှစ် ဓနိပေါ် ကာလမှာ ဈေးကောင်းရနေတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေတယ်။ ဒေသမှာရှိတဲ့ ဓနိလုပ်ငန်းကို မှီခိုနေရတဲ့ ဓနိခုတ်လုပ်သားနဲ့ ဓနိထိုးလုပ်သားတွေပါ အဆင်ပြေနေတယ်” လို့  ပြောပါတယ်။

ဘိုကလေးမြို့နယ်မှာ ဧရာကျေးရွာအုပ်စုထဲက ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၄ ရွာထက်မနည်းက ဒေသခံတွေဟာ ဓနိစိုက်ပျိုးရေးလုပ်ငန်းနဲ့ ဓနိထိုး ထုတ်လုပ် ဖြန့်ဖြူး ရောင်းချတဲ့ လုပ်ငန်းကို အဓိကလုပ်ကိုင်ကြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013