
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ လယ်ဦးရပ်ကွက်မှာ TNLA ရဲတပ်ဖွဲ့ ကင်းလှည့်နေစဥ် မေ ၁၂ ရက်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်ခဲ့တဲ့ လူငယ်တယောက်ကို ဖမ်းဆီးရမိထားတယ်လို့ မိုးကုတ်မြို့နယ် ပကဖ ကနေ သိရပါတယ်။
မိုးကုတ်မြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “အဲ့နေ့က လက်ပစ်ဗုံးနဲ့ ၃ လုံး ပစ်သွားတယ်။ TNLA တရားဥပဒေစိုးမိုးရေးဘက်ကလည်း သေနတ်နဲ့ ၃ ချက်တော့ ပြန်ပစ်တယ်၊ နှစ်ဖက်ထိခိုက်မှုမရှိဘူး” လို့ ပြောပါတယ်။
လက်ပစ်ဗုံးနဲ့ ပစ်သွားသူက အသက် ၁၇ နှစ်အရွယ် လူငယ်တယောက်ဖြစ်ပြီး အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်က music zone ဘားအရှေ့မှာလည်း အမည်မသိ အမျိုးသား ၂ ယောက် လက်ပစ်ဗုံး ၂ လုံးနဲ့ မေ ၁၁ ရက်မှာ ပစ်ခတ်ခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ပါဘူး။