DVB Logo
Home
အားကစား
ရာသီအကုန်တွင် တိုက်စစ်မှူး ဗာဒီ အသင်းမှ ထွက်ခွာမည်ဟု လက်စတာအသင်း အတည်ပြု
DVB
·
May 16, 2025
ရာသီအကုန်တွင် တိုက်စစ်မှူး ဗာဒီ အသင်းမှ ထွက်ခွာမည်ဟု လက်စတာအသင်း အတည်ပြု
Donate to DVB

တိုက်စစ်မှူးဗာဒီဟာ လက်ကျန် ၂ ပွဲ ကစားအပြီးမှာ အသင်းကနေ ထွက်ခွာမယ်လို့ လက်စတာအသင်းက အတည်ပြု ထုတ်ပြန်ပါတယ်။

အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ ပရီးမီးယားလိဂ်မှာ ၈ ဂိုးသွင်း ၄ ကြိမ် ဂိုးဖန်တီးမှု လုပ်ဆောင်ခဲ့ပေမဲ့ အသင်းကို တန်းတင်ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ ပွဲစဉ်တွေမကုန်ခင်မှာပဲ တန်းပြန်ဆင်းခဲ့ရတာပါ။

အခုတပတ်မှာ ကစားရမယ့် အစ်ဆွစ်နဲ့ အိမ်ကွင်းပွဲစဉ်က ဗာဒီအတွက် နောက်ဆုံးအိမ်ကွင်းပွဲစဉ်ဖြစ်ကြောင်း လက်စတာအသင်းက ထုတ်ပြန်ပါတယ်။

၂၀၁၂ ခုနှစ်က အင်္ဂလန်အောက်တန်းလိဂ်ကလပ် ဖလက်ဝုဒ်ကနေ ပေါင် ၁ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ဗာဒီဟာ လက်စတာကို ပရီးမီးယားလိဂ်ချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံဆုဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

အစ်ဆွစ်နဲ့ပွဲစဉ်က ဗာဒီအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀၀ ပြည့်မြောက်မယ့် ပွဲဖြစ်ပြီး လက်စတာအသင်းသမိုင်းတလျှောက် သွင်းဂိုး ၁၉၉ ဂိုးနဲ့ ဂိုးအများဆုံးကစားသမားအဖြစ် မှတ်တမ်းတင်ထားပါတယ်။

ဗာဒီအနေနဲ့ ကစားသမားဘ၀နေ အနားယူဖို့မရှိသေးဘဲ အမေရိကန်မေဂျာလိဂ်နဲ့ ဆော်ဒီကလပ်တွေဆီ ပြောင်းရွှေ့ နိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013