
မန်ယူအသင်းဟာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ ပေးနိုင်တဲ့ အသင်းကို ရောင်းချသွားမယ်လို့ သိရပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူနည်းပြ အာမိုရင်လက်ထက်မှာ ပွဲထွက်ခွင့်မရ ဖြစ်ခဲ့သလို ဆက်ဆံရေးလည်း မပြေလည်ခဲ့တာကြောင့် အက်စ်တန်ဗီလာအသင်းမှာ ရာသီဝက်အ ငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားနေသူပါ။
ရက်ရှ်ဖို့ဒ်ကို ဗီလာအသင်းဘက်က အပြီးသတ်ခေါ်ယူဖို့ မရှိတာကြောင့် ရာသီကုန်ဆုံးချိန်မှာ မန်ယူအသင်းနဲ့ ပြန်လည်ပူးပေါင်းသွားရမှာပါ။
မန်ယူအသင်းဘက်ကတော့ တပတ်လုပ်ခ ပေါင် ၃ သိန်းကျော် ပေးချေနေရတဲ့ ရက်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ ရရှိမယ်ဆိုရင် ရောင်းချသွားဖို့ ဆုံးဖြတ်ထားတာပါ။
ဒါပေမဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ရှိမလာခဲ့ရင်လည်း လုပ်ခတစိတ်တဒေသကို ပေးချေနိုင်မယ့် အသင်းတသင်းကို ရှာဖွေပြီး အငှားချသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။