DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် မြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် နေအိမ် ၄၀ ထက်မနည်း ဖျက်သိမ်း ရွှေ့ပြောင်း
DVB
·
May 13, 2025
ဧရာဝတီတိုင်းတွင် မြစ်ရေတိုက်စားပြီး ကမ်းပြိုကျမှုကြောင့် နေအိမ် ၄၀ ထက်မနည်း ဖျက်သိမ်း ရွှေ့ပြောင်း
1 / 4
Donate to DVB

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့တလအတွင်း မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုကျမှုဖြစ်ပွားပြီး လူနေအိမ် အလုံး ၄၀ ထက်မနည်း ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရကာ ၅ လုံး ကမ်းပြိုကျတဲ့အထဲ ပါသွားတယ်လို့ ဒေသခံတွေနဲ့ သဘာဝဘေး ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

အခုနှစ် ဧပြီ ၁ ရက်ကနေ ၃၀ ရက်အထိ ဧရာဝတီတိုင်းမှာ တလအတွင်း တိုးမြစ်၊ ဧရာဝတီ၊ ငဝန်၊ ငါးသိုင်းချာင်းမြစ်ရေနဲ့ ချောင်းရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုဖြစ်ပွားလို့ လူနေအိမ် ၄၀ ထက်မနည်း ကမ်းပြိုဘေးလွတ်တဲ့ နေရာတွေကို ပြောင်းရွှေ့ခဲ့ရသလို နေအိမ် ၅ လုံးထက်မနည်း ရေစီးနဲ့ မျောပါသွားတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ သဘာဝဘေးကာကွယ်ရေး ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတယောက်က “ကမ်းပါးပြိုကျလာလို့ ရုတ်တရက် အရေးပေါ်ဖျက်သိမ်း ရွှေ့ပြောင်းခဲ့ရတာ။ ပြီးခဲ့တဲ့ တလအတွင်း ဝါးခယ်မနဲ့ ပန်းတနော်ဘက်မှာ နေအိမ် ၂၀ ကျော်လောက်ကို အများဆုံး အရေးပေါ် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့တလအတွင်း ဧရာဝတီတိုင်းမှာ ညောင်တုန်း၊ မအူပင်၊ ဟင်္သာတ၊ ပန်းတနော်၊ မြန်အောင်၊ ဓနုဖြူ၊ ငါးသိုင်းချောင်း၊ လပွတ္တာ၊ ကြံခင်း စတဲ့မြို့နယ်တွေက လူနေအိမ်အလုံး ၄၀ ထက်မနည်းကို ကမ်းပြိုဘေးလွတ်တဲ့ နေရာတွေကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတာလို့ သိရပါတယ်။

ညောင်တုန်းမြို့နယ်က သဘာဝဘေးဒဏ်သင့် ဒေသခံတယောက်က “ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာမှာ ဧရာဝတီမြစ်ရေ တိုက်စားတဲ့ဒဏ်ကြောင့် ဒီနေ့အထိ ကမ်းပြိုကျမှု ဖြစ်ပွားနေပါတယ်။ ကမ်းပါးပြိုကျတဲ့အထဲ အိမ်တွေလည်း ပါသွားတာရှိတယ်။ သက်ဆိုင်ရာက ကူညီပေးတာ အရမ်းအားနည်းပါတယ်။ ကိုယ့်အားကိုယ်ကိုးလုပ်ဖို့လည်း အဆင်မပြေဘူး ဖြစ်နေတာ” လို့ ပြောပါတယ်။

အဲဒီလို ကမ်းပြိုကျမှုကြောင့် အရေးပေါ် နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရတဲ့ အိမ်ခြေ ၄၀ ထက်မနည်းက လူဦးရေ ၆၀ ကျော်အထိ သဘာဝဘေးဒဏ် ခံစားခဲ့ရပေမဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီက အကူအညီပေးတာတွေ အရမ်းအားနည်းတယ်လို့ ဆိုပါတယ်။

မြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုတွေ ဖြစ်ပွားလာလို့ မိသားစုတွေရဲ့ နေအိမ်တွေ၊ ပြောင်းရွှေ့ရသူတွေ ပိုင်ဆိုင်တဲ့ မြေကွက်လပ်တွေ၊ လူနေအိမ်တွေကိုဖျက်ပြီး မဖြစ်မနေ ပြောင်းရွှေ့ခဲ့ရပေမဲ့ လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးတာ မရှိဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013